မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ကျောင်းသူ များအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ကျောင်းသူ များအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၂ ရက်

    မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူ များအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ(ဒုတိယ အကြိမ်)ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

     ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများ က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် တိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူ ၃၇၇ ဦးအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်သည်။

    အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီး၌လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲများကိုလည်း အသီးသီးကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။