ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများ ပုံမှန်ရောင်းချပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများ ပုံမှန်ရောင်းချပေးလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၂၂

    ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းဒေသကြီးရှိ  Terminal  များမှ စက်သုံးဆီများကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံး ဆီသယ်ယာဉ် (Bowser)များဖြင့် နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်းသယ်ယူ ပို့ဆောင်ဖြန့်ဖြူးလျက် ရှိသည်။

    ထိုသို့ ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိရာ  နိုဝင်ဘာလ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ အရောင်းဆိုင် ၁၈၈၇ ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၃၀၈ စီးဖြင့် 92 Ron  ဂါလန် တစ်သန်း တစ်သိန်း ခြောက်သောင်းကျော်၊ 95 Ron ဂါလန် နှစ်သိန်း သုံးသောင်းကျော်၊ ဒီဇယ်ဆီဂါလန် ရှစ်သိန်း ငါးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ တစ်သန်း လေးသိန်း လေးသောင်းကျော်ကို    ပို့ဆောင်ဖြန့်ဖြူး ပေးခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများကို ပုံမှန်ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း သတင်းရရှိသည်။