မန္တလေးမြို့ရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

မန္တလေးမြို့ရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၃

    မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်း ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲကို နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်း အကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

    ဦးစွာ ကျောင်းသား/ ကျောင်းသူများက ဘက်စုံပညာကိုရည် တို့လှမ်းချီသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးက အဖွင့်အမှာစကား ပြောကြား သည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဂုဏ်ထူးရရှိကြသူများ၊ ပညာရည်ချွန် ဆုရရှိကြသူများ၊ မြို့နယ်အဆင့် အာကစားပြိုင်ပွဲများနှင့် ကာယ၊ ဉာဏ ပြိုင်ပွဲများတွင် ဆုရရှိ ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။ ၎င်းနောက် ကျောင်းသား/ကျောင်းသူလေးများက ထာဝရမြန်မာသီချင်း၊ ဇာတိမာန် သီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။