မော်လမြိုင်တက္ကသိုလ်ဝန်ထမ်းများ ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ခွင့် ပိတ်ပင်ခံရဟု Social Medial များတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

မော်လမြိုင်တက္ကသိုလ်ဝန်ထမ်းများ ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ခွင့် ပိတ်ပင်ခံရဟု Social Medial များတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်

    ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဖမ်းဆီး ခေါ်ဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့မှုကြောင့် မော်လမြိုင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည်လည်း  စိုးရိမ်စိတ်များဖြင့် နီးစပ်ရာဆွေမျိုးနေအိမ်များနှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ကြသူများ များပြားလာခြင်းကြောင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် မှ နိုဝင်ဘာလ ၁၆ ရက်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်၍ တက္ကသိုလ်ရှိ ဝန်ထမ်းများ အနေဖြင့် ကျောင်းအတွင်း ပြန်လည်နေထိုင်ကြရန်နှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ခွင့် များပိတ်ပင်ခဲ့ကြောင်း Social Medial များတွင် သတင်းတု၊ သတင်းအမှားများ ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

    အဆိုပါ သတင်းနှင့်ပတ်သက်၍ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၏ ပြောကြားချက်အရ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးမှာ ပုံမှန်အစည်း အဝေးသာဖြစ်ပြီး Social Medial များတွင် ရေးသားဖြန့်ဝေနေမှုများသည် လုပ်ကြံသတင်း အမှားများသာဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နေမှုများကို ထိခိုက်စေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက်  အကြမ်းဖက် မှုကို အားပေးသည့် မီဒီယာအချို့မှ ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ သတင်းတု၊ သတင်းအမှား များ လုပ်ကြံရေးသား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။