ဧရာဝတီမြစ်ဝှမ်းဒေသကို UNESCOမှ အသိအမှတ်ပြုစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

Nature Advocacy မှ ဦးဆောင်၍ ဧရာဝတီမြစ်ဝှမ်းဒေသကို UNESCO မှ အသိအမှတ်ပြု စေရေးကြိုးပမ်းလျက်ရှိပြီး  ထောက်ခံသူများ၏ လက်မှတ်များကို ကောက်ခံလျက်ရှိကြောင်း  Nature Advocacy မှ  ကမ်ပိန်းဒါရိုက်တာ  ဦးငြိမ်းဇော်ကို၏ ပြောပြချက်အရ သိရသည်။

ထောက်ခံသူတွေ လက်မှတ်ကောက်ပြီး သက်ဆိုင်ရာဌာနကို ပေးပို့ပြီး အသနားခံစာ တင်မယ်။  တကယ်တော့ UNESCO အသိအမှတ်ပြုခံရဖို့   သတင်းအချက်အလက်တွေကို သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနက တာဝန်ယူပြီးလျှောက်ရ မှာပါ။ မြေပြင်မှာ  ကွင်းဆင်းဖို့အဆင် မပြေရင်လည်း    ကျွန်တော်တို့အဖွဲ့က တာဝန်ယူပြီးကောက်ပေးမယ် ဟု ဦးငြိမ်း ဇော်ကိုကပြောသည်။

ဧရာဝတီမြစ်ဝှမ်းဒေသသည် ကမ္ဘာပေါ်၌ ဇီဝကွဲပြားမှု အများဆုံးဒေသများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဧရာဝတီမြစ်တွင် ပုဂံအပိုင်း၊ ဗန်းမော်အပိုင်း၊ ရွှေကူအပိုင်း၊ စဉ့်ကူးအပိုင်း၊ ဆင်ဖြူကျွန်းမှ မင်းဘူးအထိ အပိုင်းနှင့် မြစ်ကြီးနားမှ ဆင်ဘိုအထိအပိုင်း ဟူ၍ Key Biodiversity Area (KBA) ခြောက်ခုအထိရှိသည်။

UNESCO World Natural Site အဖြစ်တင်သွင်းနိုင်ပါက  ဧရာဝတီမြစ်ကို ထိန်းသိမ်းရန် နိုင်ငံတကာမှ အထောက်အပံ့ များနှင့် နည်းပညာအကူအညီများ ရရှိလာမည်ဖြစ်ပြီး    ယင်းနှင့်ဆက်စပ်နေသော သစ်တောများ၊  ဒီရေတောများ၊  ရေဝပ် ဒေသများနှင့် ရေဝေရေလဲဒေသများအပါ အဝင်   သဘာဝပတ်ဝန်းကျင်တစ်ခုလုံးအတွက် အကျိုးများ ရရှိစေမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်