ဇွဲကပင်တောင် ကေဘယ်လ်ကားတည်ဆောက်မှု  ၅ ရာခိုင်နှုန်းခန့်ပြီးစီး

ကရင်ပြည်နယ်  ဘားအံမြို့ ဇွဲကပင်တောင်သို့ လာရောက်လည်ပတ်မည့် ဘုရားဖူးပြည်သူများ  အဆင်ပြေစေရေးအတွက် ကေဘယ်လ်ကားစီမံကိန်းကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ   ၈၅  ရာခိုင်နှုန်းခန့်   ပြီးစီးနေပြီဖြစ်ကြောင်း ကေဘယ်လ်ကားတည်ဆောက်ရေး စီမံကိန်းမှ သိရသည်။

ကျွန်တော်တို့ ဒီစီမံကိန်းကိုစတင်ခဲ့တာ ပြီးခဲ့တဲ့   သုံးနှစ်လောက်ကတည်းကပါ။ ၂၀၂၀ ပြည့်နှစ် မေလလောက်မှာ ဖွင့်လှစ်နိုင်ဖို့    ကနဦး ရည်ရွယ်ထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းခဲ့ ရတာတွေ ရှိတယ်။ အခု လာမယ့်ဒီဇင်ဘာလဆိုရင်တော့ အပေါ် Station  ရဲ့ ဖောင်ဒေးရှင်းအားလုံးပြီးပါပြီ။

ဇွဲကပင်တောင်ရဲ့အမြင့်ကို    ချင့်ချိန်ပြီး ကြားတိုင်မပါဘဲ တိုင်ပျောက်တည်ဆောက်ထားတယ်။ လူဦးရေ ၅၀ ဆံ့တဲ့ တွဲဆိုင်းနှစ်ဆိုင်းနဲ့  အသွားအပြန်  ပြေးဆွဲပေးဖို့ တည်ဆောက်ထားတာဖြစ်ပါတယ် ဟု စီမံကိန်းအမှုဆောင်အရာရှိချုပ် ဦးဗညားဇော်ကပြောသည်။

ဇွဲကပင်တောင်ကို လမ်းလျှောက်တက်ပါက  အချိန်  နှစ်နာရီခန့်  ကြာမြင့်နိုင်ပြီး ကေဘယ်လ်ကားနှင့်တက်ရာတွင် လေးမိနစ်အတွင်း   တက်ရောက်နိုင်မည်ဖြစ်သည်။  

တောင်ပေါ်၌  ဇွဲကပင်ဆံတော်ရှင်စေတီနှင့် သိကြားမင်းတည်ထားခဲ့သည့်    စေတီနှစ်ဆူရှိကြောင်း၊  တောင်ပေါ် Station   မှ တက်သည့်လှေခါးထစ်  ၁၀၀ ကျော်ကို ၁၀ ပေအကျယ် တိုးချဲ့ဖောက်လုပ်ပေးထားကာ  အသက်အရွယ်ကြီးရင့်သူများနှင့်  မသန်စွမ်းသူများ   တောင်ပေါ်သို့ အလွယ်တကူတက်ရောက်နိုင်ရန် ဓာတ်လှေကားစနစ် ကိုပါ    ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

အဆိုပါ  ဇွဲကပင်တောင်ကေဘယ်လ်ကားစီမံကိန်းကို ဆွစ်ဇာလန်နိုင်ငံမှ ကုမ္ပဏီတစ်ခုအပါအဝင် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီသုံးခု ပူးပေါင်းဆောင်ရွက်ခဲ့ပြီး  မူလက  အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းအကုန်အကျခံ တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

              ဆုလာဘ်