ကန့်ဘလူမြို့၌ (၇၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ရေစက်ချအလှူတော် မင်္ဂလာပြုလုပ်

 

ကန့်ဘလူမြို့၌ (၇၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ရေစက်ချအလှူတော် မင်္ဂလာပြုလုပ်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးစီးကျင်းပသည့် (၇၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ရေစက်ချအလှူတော် မင်္ဂလာကို ယနေ့တွင် ပြုလုပ်ရာ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ အသီးသီး တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ဆရာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော် များ နာယူကြည်ညိုကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သံဃာတော် များအား ကထိန်လျာမြတ်သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြပြီး ဆရာတော်များထံမှ  ကထိန်အနုမောဒနာတရားများ နာကြားကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

အဆိုပါ ကန့်ဘလူမြို့၏ (၇၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် အဖြစ် လှူဒါန်းထားသည့် ပဒေသာပင်များအား မော်တော်ယဉ်များဖြင့် မြို့တွင်း၌ လှည့်လည်ခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။