ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာတွင် ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်မည့် စက်ရုံအလုပ်သမားများ၏ ကျပ်ငွေ သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ကထိန်ပဒေသာပင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယူဆိုသည့် သတင်းတု၊ သတင်းအမှားများ ရေးသား ဖြန့်ဝေလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာတွင် ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်မည့် စက်ရုံအလုပ်သမားများ၏ ကျပ်ငွေ သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ကထိန်ပဒေသာပင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယူဆိုသည့် သတင်းတု၊ သတင်းအမှားများ ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ နိုဝင်ဘာလ ၂၈ ရက်

ရန်ကုန်‌တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဇာထိုး ပန်းထိုး စက်ရုံအလုပ်သမားများက ကထိန်ပဒေသာပင်များကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ရပ်ကွက်အတွင်းလှည့်လည်နေချိန်တွင် လုံခြုံရေးတပ်ဖွဲ့များက သိမ်းဆည်း သွားကြောင်း၊ ပဒေသာပင်များ၏တန်ဖိုးမှာ သိန်း ၁၀၀ ကျော်တန်ဖိုးရှိပြီး ငွေသား အများစုဖြင့် ပြုလုပ် ထားသည့် ပဒေသာပင် ၅ ခုကို ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ ‌ရေးသားဖြန့်ဝေလျက်ရှိသည့်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ “အမှတ်(၁၁)ရပ်ကွက်၌ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့မှု မရှိကြောင်း၊  သတင်းတု၊ သတင်းအမှားသာ ဖြစ်ကြောင်း” သိရှိရပါသည်။

ပြည်ဖျက်မီဒီယာများသည် ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ နေ့ထူး နေ့မြတ်အချိန်အခါသမယတွင် အချိန်ကိုက်သတင်းအမှားများထုတ်လွှင့်ပြီး နိုင်ငံအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူများအပေါ် မနာလို မရှုစိတ်ဖြင့် ကြောက်ရွံ့ ထိတ်လန့်စိတ်များဖြစ်ပေါ်စေရန်၊ နိုင်ငံတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ နိုင်ငံရေး၊ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍတို့ကိုသာမက ဘာသာရေးဆိုင်ရာများကိုပါ လုပ်ကြံဖန်တီး ရေးသားနေသည်များကို တွေ့ရှိရပါသည်။ ထို့သို့လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေနေသည့် ပြည်ဖျက်မီဒီယာများ၏ ဝါဒဖြန့်သတင်းများကို အများပြည်သူများက အမှားအမှန် ခွဲခြား သိမြင်နိုင်စေရန်အတွက် သတင်းမှန်ပြန်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။