ကျိုက်ထိုမြေစာရင်းရုံး ပစ်ခတ်ခံရလို့ ဝန်ထမ်းနှစ်ဦး ဒဏ်ရာရ ဟု သတင်းမှားဖြန့်ဝေ

ကျိုက်ထိုမြေစာရင်းရုံး ပစ်ခတ်ခံရလို့ ဝန်ထမ်းနှစ်ဦး ဒဏ်ရာရ ဟု သတင်းမှားဖြန့်ဝေ

နေပြည်တော်၊ နိုဝင်ဘာလ ၂၉  ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြေစာရင်းရုံးတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲချိန်ခန့်က လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းမှားဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ အမည်မသိအကြမ်းဖက်သောင်းကျန်းသူ(၂)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့် မြေစာရင်းရုံးရှေ့သို့ရောက်ရှိလာကာ လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့ခြင်းဖြစ်ပါသည်။ ပစ်ခတ်မှုကြောင့် ရုံးအတွင်းရောက်ရှိနေသည့် နေ့စားဝန်ထမ်း တစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနာအား  ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ 

သို့ဖြစ်ပါ၍ ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် ဌာနဆိုင်ရာ အဆောက်အဦများ၊ ပညာရေးကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား အသုံးပြု၍ တိုက်ခိုက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအား အကာအကွယ်ပေးရန်အတွက် ကောလာဟလ သတင်းတုသတင်းမှားများကို ဖန်တီးရေးသား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်း ရရှိပါသည်။