အင်္ဂလန်အမျိုးသမီး အသင်းနှင့် မန်ယူအမျိုးသမီး အသင်းဂိုးသမား မယ်ရီအာ့ပ် BBC Women's Footballer of the Yearဆုဆွတ်ခူးနိုင်သည့် ပထမဆုံး ဂိုးသမားဖြစ်လာ

အင်္ဂလန်အမျိုးသမီး အသင်းနှင့် မန်ယူအမျိုးသမီး အသင်းဂိုးသမား မယ်ရီအာ့ပ် BBC Women's Footballer of the Yearဆုဆွတ်ခူးနိုင်သည့် ပထမဆုံး ဂိုးသမားဖြစ်လာ

 

    အင်္ဂလန်အမျိုးသမီးအသင်းနှင့်  မန်ယူအမျိုးသမီး အသင်း ဂိုးသမား မယ်ရီအာ့ပ်သည်  BBC  Women's Footballer of the Year ဆုကိုဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံး ဂိုးသမားဖြစ်လာကြောင်း သိရသည်။

    မယ်ရီအာ့ပ်သည် BBC Women's Footballer of the Year  ဆုအတွက်   ဆန်ခါတင် ကစားသမား စာရင်းတွင် စပိန်နှင့်ဘာစီလိုနာ အမျိုးသမီးအသင်းမှ ဘွမ်မာတီ၊ သြစတြေးလျနှင့် ချယ်လ်ဆီးအမျိုးသမီး အသင်းမှ ဆမ်ခါးတို့နှင့်အတူ ပါဝင်ခဲ့သည်။

    အသက်  ၃၀ အရွယ်  ဂိုးသမားမယ်ရီအာ့ပ်သည် အင်္ဂလန်အမျိုးသမီး အသင်းကို ပြီးခဲ့သည့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ  ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ပြီး  ပြိုင်ပွဲ၏အကောင်းဆုံး ဂိုးသမားဆုကို ဆွတ်ခူးနိုင်သကဲ့သို့ ပြီးခဲ့သည့်  ဘောလုံးရာသီက  မန်ယူအမျိုးသမီးအသင်း အင်္ဂလန် အမျိုးသမီး စူပါလိဂ်ပြိုင်ပွဲတွင်   အဆင့်(၂)နေရာ၌ ရပ်တည်ခဲ့ရာတွင်လည်း အဓိက ကစားသမားအဖြစ်  ပါဝင်ပြီးနောက်  BBC Women's Foot-baller  of the  Year ဆု  ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

    မယ်ရီအာ့ပ်သည် အဆိုပါဆုကို ယခုနှစ်အတွက် ဖီဖာတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမား ဆုရရှိခဲ့သည့်   ဘာစီလိုနာအသင်းမှ    ကွင်းလယ် ကစားသမား ဘွမ်မာတီကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။