ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် ပြည်ပမှ ဒရုန်းပညာရှင် ၆၅၀၀ ခန့် ပါဝင်ကူညီ တိုက်ခိုက်ပေးနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားဟု တရားမဝင် ပြည်ဖျက်မီဒီယာများမှ လိုရာဆွဲရေးသား၍ မဟုတ်မမှန် သတင်းအမှားများဖြန့်ဝေ

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် ပြည်ပမှ ဒရုန်းပညာရှင် ၆၅၀၀ ခန့် ပါဝင်ကူညီ တိုက်ခိုက်ပေးနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားဟု တရားမဝင် ပြည်ဖျက်မီဒီယာများမှ လိုရာဆွဲရေးသား၍ မဟုတ်မမှန် သတင်းအမှားများဖြန့်ဝေ

နေပြည်တော်၊ ဒီဇင်ဘာ  ၁  ရက်

     ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် ပြည်ပမှ ဒရုန်းပညာရှင် ၆၅၀၀ ခန့်ပါဝင် ကူညီ တိုက်ခိုက်ပေးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ လိုရာဆွဲယူ၍ သတင်းလွဲမှားစွာ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

     အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး(၆/၂၀၂၃)တွင် “ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ အတွင်းရှိ တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် TNLA ၊ KIA ၊ AA အဖွဲ့တို့ အပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ Drone ပညာရှင်များ စုစုပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကိုတွေ့ရှိရကြောင်း” ဟု ပြောကြားခဲ့သည့် ဆိုလိုရင်းမှာ-

“MNDAA အဖွဲ့ကို အထောက်အကူပြုနေသည့် အဖွဲ့များမှာ

TNLA ၊ KIA ၊ AA အဖွဲ့များနှင့် ပြည်ပမှ ဒရုန်းပညာရှင်များအပါအဝင် စုစုပေါင်းအကြမ်းဖက်သမားအင်အား ၆၅၀၀ ခန့်ကို ပြောကြားခြင်းသာဖြစ်သည်”

     အကြမ်းဖက်အားပေး တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်း အကြောင်းအရာတစ်ခုအား ၎င်းတို့လိုရာဆွဲယူ၍ အထင်အမြင်လွဲမှားစေနိုင်သည့်  မဟုတ်မှန် ကောလာဟလ သတင်းတု သတင်းမှားများကို ဖန်တီးရေးသား ဖြန့်ဝေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။