မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

 

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

 

နေပြည်တော်  ဒီဇင်ဘာ  ၁

မုန်တိုင်းငယ်အခြေအနေ

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့်  ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကော့သောင်းမြို့ (Kawthaung)) ၏ အနောက်ဘက် ရေမိုင် ၇၆၀ မိုင်ခန့်၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏အနောက်- အနောက်တောင်ဘက် ရေမိုင် ၅၂၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပူဒူချယ်ရီမြို့ (Puducherry)) ၏အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၇၅ မိုင်ခန့်၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့ အရှေ့တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ နီလိုရီမြို့ (Nellore)၏ အရှေ့တောင်ဘက် ရေမိုင် ၄၄၅ မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့ (Machilipatnam) ၏တောင်-အရှေ့ တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

မုန်တိုင်းငယ် (Depression)၏  လက်ရှိအခြေအနေမှာ  မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း အဆိုပါမုန်တိုင်းငယ် ((Depression) သည် မြန်မာစံတော်ချိန် ၁ရး၃၀ နာရီအချိန် တွင် မြောက်လတ္တီကျု ၉ ဒသမ ၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၅ ဒသမ ၇ ဒီဂရီ တွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့်ဖြစ်သည်။

နောက် ၉၆ နာရီအတွင်းခန့်မှန်းချက်

အဆိုပါမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ၂-၁၂-၂၀၂၃ ရက်နေ့တွင် အားကောင်းသောမုန်တိုင်းငယ် (Deep Depression)) အဖြစ်သို့လည်းကောင်း၊ ၃-၁၂-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ် အော် အနောက်တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)) အဖြစ်သို့ လည်းကောင်း အားကောင်းလာနိုင်သည်။ ထို့မှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ ၄-၁၂-၂၀၂၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်တောင် ပိုင်းကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော တမီးလ်နာဒူးမြောက်ပိုင်း ကမ်းခြေတို့ အနီးရောက်ရှိနိုင်ပြီး အင်ဒရာ့ရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေနှင့်အပြိုင် မြောက်ယွန်းယွန်း သို့ရွေ့လျားကာ ၅-၁၂-၂၀၂၃ ရက်နေ့တွင် အင်ဒရာပရာဒေ့ရှ်ပြည်နယ်ကို နီလိုရီ မြို့နှင့် မာချီလီပတ္တနမ်မြို့တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြပါရန် နှင့် ပြည်တွင်လေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

(မိုး/ဇလ)