၂-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

၂-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၂ ရက်

ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးနဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းလုပ်ဆောင်ရန်အတွက်ရောက်ရှိနေတဲ့ တရုတ်နိုင်ငံကစစ်ရေယာဉ်များနဲ့ မြန်မာနိုင်ငံက စစ်ရေယာဉ်များဟာ မနေ့က ညနေကတည်းက ပူးပေါင်းရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းဆောင်ရွက်ခဲ့ပါ တယ်။ ဒီမနက်မှာတော့ ရေပြင်ရန်ကာကွယ်ရေး၊ ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန်ကာကွယ်ရေးလေ့ကျင့်ခန်းများကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါ တယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့နေရာကတော့ ရဲတံခွန်ရေနံမြေရဲ့ မြောက်ဘက် ပင်လယ်ပြင်မှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အားလုံး ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်း အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းသိရှိရပါတယ်။

နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ သူများကိုလွှဲ ပြောင်းမှုနဲ့ပတ်သက်ပြီး ဒီနေ့မှာ အမျိုးသား ၂၅၈ ဦး၊ အမျိုးသမီး ၉ ဦး၊ ပေါင်း ၂၆၇ ဦးကိုလွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ စုစုပေါင်း ၁၀၇၈၄ ဦး လွှဲပြောင်းခဲ့ပြီးဖြစ် ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံအနေနဲ့ အစိုးရချင်း၊ တပ်မတော်ချင်း ပူးပေါင်း ဆောင်ရွက်မှုများ နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလည်း ပူးပေါင်းဆောင်ရွက်လျက်ကြောင်း ပြောကြားလိုပါတယ်။

ဒီနေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများအနေနဲ့ကတော့ ရှမ်းပြည်နယ် (မြောက်ဘက်ပိုင်း)မှာတော့ ၁၀၅ မိုင်မှာ Drop Bomb နဲ့တိုက်ခိုက်မှုများရှိခဲ့ပါ တယ်။ လောက်ကိုင်မှာတော့ လောက်ကိုင်မြို့ရဲ့အရှေ့တောင်ဘက်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ ဒီမနက်ပိုင်းမှာတော့ လားရှိုးနဲ့သီပေါကြားမှာ ဆက် သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က စစ်အင်တံတားကို TNLA အကြမ်း ဖက်သောင်းကျန်းသူများက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ ကယား ပြည်နယ်ဘက်မှာတော့ မိုးဗြဲနေရာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲတာရှိ ပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ကော့ကရိတ်မှာ ဒီနေ့မနက်စောစောပိုင်း ကစပြီး မြို့နဲ့ပတ်ဝန်းကျင် ၅ နေရာလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိ ပါတယ်။ ဒီညနေပိုင်းမှာတော့ အဝေးကနေပစ်ခတ်မှုဘဲရှိပါတော့တယ်။ အာ့မှာ လည်း ရန်သူတွေအနေနဲ့ ထိခိုက်ဒဏ်ရာရရှိတာများပြားတယ်လို့သိရပါတယ်။ မနေ့ကညကတော့ ကော့ကရိတ်မြို့ကိုလာရောက်တိုက်ခိုက်တဲ့ရန်သူများကို ကျွန်တော်တို့ဘက်က ခြေလျင်တပ်များနဲ့ လေယာဉ်ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ကျဆုံးမှုများပြားပြီး တချို့လူနာတွေကို တစ်ဘက်နိုင်ငံအထိပို့ပြီး ဆေးကုသမှုခံယူနေတယ်ဆိုတဲ့အကြောင်း သိရပါတယ်။ အကြမ်းဖက်သောင်း ကျန်းသူများအနေနဲ့ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီး မန္တလေး-မူဆယ် လမ်းပိုင်းမှာရှိတဲ့ လမ်းတွေ၊ တံတားတွေ၊ ရေကျော်နေရာတွေ ဒီနေရာတွေကို တံတားများချိုးတာတွေ၊ လမ်းတွေမှာ ကျင်းတွေတူးပြီးတော့ သွားလို့လာလို့မရအောင်လုပ်တာတွေ ဒါတွေကိုအမြဲ တမ်းဆောင်ရွက်နေကြောင်းတွေ့ရပါတယ်။ ဒါ့အပြင် လောက်ကိုင်မှာသွားရောက်အလုပ်လုပ်ကိုင်နေတဲ့ လူတွေရှိပါတယ်။ ပြန်လာတဲ့ အခါမှာလည်း အရွယ် ကောင်းတွေဖြစ်တဲ့ အသက် ၁၅ နှစ်နဲ့ ၄၀ ကြားမှာရှိတဲ့ လူငယ်တွေကို ပြန်လွှတ် မပေးဘဲနဲ့ MNDAA အနေနဲ့ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သားစုဆောင်နေတယ်ဆို တဲ့ သတင်းများလည်းရရှိပါတယ်။ အဓိကအားဖြင့် ရှမ်းလူမျိုးနဲ့ တအောင်းတွေ ကိုစုဆောင်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရပါ တယ်။ သူတို့အနေနဲ့ ဒီမိုကရေစီအရေး ပြီးရင် ဖက်ဒရယ်အရေးလို့အမည်တပ် ထားပေမယ့် သူတို့လုပ်ကိုင်နေတဲ့ ဟာတွေသည် အလုံးစုံပျက်သုံးရေး၊ ပြည်သူတွေရဲ့ စီးပွားရေးကိုအဓိကထိခိုက် တဲ့ လမ်းပန်းဆက်သွယ်ရေးကိုအဓိက ထိခိုက်တဲ့လုပ်ငန်းတွေလုပ်ဆောင်နေတဲ့အပြင် အခုနောက်ပိုင်းမှာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုပါ လုပ်ဆောင်နေ ကြောင်းသိရပါတယ်။ ဒါတွေကို ကျွန်တော် တို့ပြည်သူတစ်ရပ်လုံးအနေနဲ့ ဝိုင်းဝန်းပြီးတိုက်ဖျက်သွားရမှာဖြစ်ပါတယ်။ ဒါမှမလုပ်နိုင်ဘူးဆိုရင် တိုင်းရင်းသားဒေသတွေမှာ ယခင်တုန်းကလိုဘဲ စစ်ဘုရင်ဝါဒ ထပ်မံကြီးဆိုးလာအုံးမှာ ဖြစ်ပါတယ်။ လက်နက်အားကိုးပြီး လက်နက်နဲ့အနိုင်ကျင့်တဲ့ ကိစ္စတွေထပ်မံ ပေါ်ပေါက်လာအုံးမှာဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။