အားကောင်းသော မုန်တိုင်းငယ်  ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်

 

အားကောင်းသော မုန်တိုင်းငယ်  ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်

 

နေပြည်တော်  ဒီဇင်ဘာ  ၂

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

    ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် ((Deep Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၆၄၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၇၃၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပူဒူချယ်ရီမြို့ (Puducherry)၏ အရှေ့-အရှေ့ တောင်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်၊ ချင်းနိုင်မြို့ (Chennal )၏အရှေ့တောင်ဘက် ရေမိုင် ၂၀၀ မိုင်ခန့်၊ နီလိုရီမြို့ (Nellore))၏ အရှေ့တောင်ဘက် ရေမိုင် ၂၇၀ မိုင်ခန့် နှင့် မာချီလီပတ္တနမ်မြို့ (Machilipatnam) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

အားကောင်းသော မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

    အဆိုပါအားကောင်းသော မုန်တိုင်းငယ် သည် မြန်မာစံတော်ချိန် ၁ရး၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၀ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၂ ဒသမ ၉ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့်ဖြစ်သည်။

နောက် ၇၂ နာရီအတွင်းခန့်မှန်းချက်

    အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)) အဖြစ်သို အားကောင်းလာနိုင်ပြီး ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ ၄-၁၂-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းလွန်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော တမီးလ်နာဒူးမြောက်ပိုင်း ကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်။ ထို့နောက် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေနှင့်အပြိုင် မြောက်ယွန်းယွန်း သို့ရွေ့လျားကာ ၅-၁၂-၂၀၂၃ ရက်နေ့တွင် အင်ဒရာပရာဒေ့ရှ် ကမ်းခြေကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ်မြို့တို့ အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

အကြံပြုချက်

    သို့ဖြစ်ပါ၍ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေ ဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

(မိုး/ဇလ)