မွေးမြူရေးကဏ္ဍတွင် တစ်ပိုင်တစ်နိုင် မွေးမြူရာမှ စီးပွားဖြစ်လုပ်ငန်းတစ်ရပ် ဖြစ်လာစေရေး ကြိုးပမ်းမည်

ပြည်တွင်းငါးလုပ်ငန်းကဏ္ဍမှ  ပို့ကုန်ဝင်ငွေ တိုးတက်လာစေရေးအတွက် တစ်ပိုင်တစ်နိုင်မွေးမြူရာမှ   စီးပွားဖြစ်လုပ်ငန်း

တစ်ရပ်ဖြစ်လာစေရေး ကြိုးပမ်းမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ဆောင်ရွက်နိုင်ရန် ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများတွင် အားနည်းချက်၊ လိုအပ်ချက်နှင့်တိုးတက်မှုများအပေါ်

သုံးသပ်၍  လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့ပြင်မြေယာခိုင်မာမှုရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ရေတို၊ ရေရှည်ချေးငွေဖန်တီးပေးခြင်း၊ ကုန်သွယ်မှု အခက်အခဲများအား ဖြေရှင်းပေးခြင်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

လက်ရှိ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး (GDP) တွင် လယ်ယာသားငါးကဏ္ဍမှာ ၂၁ ဒသမ  ၅ ရာခိုင်နှုန်းခန့်ရှိပြီး သား၊ ငါးကဏ္ဍအနေဖြင့် ၇ ဒသမ ၅   ရာခိုင်နှုန်းခန့်ပါဝင်နေရာ   နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက်  ကြိုးပမ်း ဆောင်ရွက်မှုနှင့်အတူ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အာဟာရဆိုင်ရာ ရိက္ခာထုတ်လုပ်နိုင်ရေး တို့ကိုလည်း အထူးအလေးထားကြရန် လိုအပ်ကြောင်း သိရသည်။

လိုအပ်ချက်၊ တိုးတက်မှုအထောက်အကူပြုအလားအလာတွေအပေါ် ပြင်ဆင်ဖြည့်စွက်ပြီး မိမိတို့လုပ်ငန်းနယ်ပယ်အလိုက်

အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ဖို့လိုပါတယ်။ ခေတ်မီ ရေချိုရေငန်ငါးပုစွန်မွေးမြူရေး လုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်တာကနေ ငါးလုပ်ငန်းတွေ ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့၊ ငါးလုပ်ငန်းတွေကို စီးပွားဖြစ် လုပ်ကိုင်သူတွေနဲ့   ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့  လိုပါတယ် ဟု  ၎င်းကပြောသည်။

လက်ရှိတွင်  ငါးလုပ်ငန်းကဏ္ဍရေရှည်တည်တံ့မှုရှိစေပြီး သားစဉ်မြေးဆက်ထုတ်ယူသုံးစွဲနိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းရပ် များအလိုက် ဥပဒေများပြဋ္ဌာန်း၍ စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာနှင့်  အာဆီယံဒေသတွင်းမှ  ငါးလုပ်ငန်းဆိုင်ရာ သဘောတူညီချက်များနှင့်အညီ လက်တွေ့နယ်ပယ် အသီးသီးတွင် အလေးထားလိုက်နာ ဆောင်ရွက်နိုင်ရေး တစ်ပိုင်တစ်နိုင်မှသည် စီးပွားရေးအရ အမြောက်အမြား ထုတ်ယူသုံးစွဲနေသော လုပ်ငန်းတစ်ရပ်ဖြစ်ပေါ်လာရေး အစဉ်တစိုက် ဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း   သိရသည်။

သုသု(AMIA)