ကုန်ထုတ်လုပ်မှုတိုးတက်စေရန် ဂျပန်နိုင်ငံမှနည်းစနစ်များဖြင့် MSMEs များအား သင်တန်းပေးမည်

ရန်ကုန်၊ စီးပွားရေး

COVID-19 ရောဂါအခြေအနေ ကြောင့် ကျဆင်းခဲ့သည့် စီးပွားရေးလုပ်ငန်း များ ပြန်လည်လည်ပတ်ချိန်တွင် မူလထက် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးအတွက် ဂျပန်နိုင်ငံမှ နည်းစနစ်များဖြင့် MSMEs များအား ဏမသိကခအငလငအပ   Productivity Improvement for MSMEs Course: Online သင်တန်းကို နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်ထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရသည်။

COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း လုပ်ငန်းအများစုမှာ ဝင်ငွေကျဆင်းခြင်း၊ ရပ်ဆိုင်း ခြင်းများနှင့် တွေ့ကြုံခဲ့ရသည်။ ထို့ကြောင့် လုပ်ငန်းများ ပြန်လည်လည်ပတ်သည့်အခါ သာမန်အခြေအနေနှင့် ပုံမှန်မဟုတ်သည့် အချိန်တစ်ခုတွင် Management Role ယူထား သူများအနေဖြင့်  လုပ်ငန်းတစ်ခုအတွင်း   ထုတ်လုပ်မှုစွမ်းအား   တိုးတက်စေရန် လိုက်နာကျင့်သုံးသင့်သည့် နည်းစနစ်များ အကြောင်းကို ဂျပန်နိုင်ငံ၏  Kaizen နည်းစနစ်များဖြင့်  သင်ကြားပေးမည်ဖြစ် သည်။

အဆိုပါသင်တန်းတွင် ကုန်ထုတ်လုပ် မှုစွမ်းအားတိုးတက်စေနိုင်သည့် နည်းလမ်းများ၊ လုပ်ငန်းခွင်အတွင်း  ဖြစ်ပေါ်လေ့ရှိသည့် ပြဿနာများကို အဖြေရှာသော နည်းလမ်းများ၊ အလေအလွင့်လျှော့ချ သောနည်းလမ်း များ၊ လုပ်ငန်းခွင်တိုးတက်ရန် အဓိကအခြေခံလိုအပ်ချက် 5s အကြောင်းအရာများနှင့် Quality Control ဆိုင်ရာပြဿနာများ ဖြေရှင်းစေနိုင် မည့်နည်းလမ်းများကို သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

“တက်ရောက်မယ့်သင်တန်းသားဦးရေ ကန့်သတ်ထားပါတယ်။ Zoom Application ကို တစ်ခါမှ မသုံးဖူး သေးသူတွေအတွက်လည်း သင်တန်းမစတင်မီမှာ အသုံးပြုတတ်အောင်သင်ပေးပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေး ကပြောသည်။

သင်တန်းတက်ရောက်သူများအနေဖြင့် သင်တန်းပြီးမြောက်ပါက SME ဌာန အသိအမှတ်ပြု Electronic Certification ပေးအပ်မည်ဖြစ်ကြောင်း သိရ သည်။

ကျော်ကို