ပြည်တွင်းသုံးစွဲရန် လိုအပ်သော စက်သုံးဆီများ အလုံအလောက်ရှိကြောင်းနှင့် ကောလာဟလ သတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်

 

ပြည်တွင်းသုံးစွဲရန် လိုအပ်သော စက်သုံးဆီများ အလုံအလောက်ရှိကြောင်းနှင့် ကောလာဟလ သတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်

 

နေပြည်တော်  ဒီဇင်ဘာ   ၆

    သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal ၊ Max Terminal ၊ MMTM Terminal ၊ Brighter Energy Terminal ၊  PSW Terminal ၊ Regency SPC Terminal များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal  များမှ စက်သုံးဆီများအား ဆီသယ်ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီသယ်ယာဉ် (Bowser)များဖြင့် နေ့ညမရွေး အဆက်မပြတ်ဖြည့် တင်းသယ်ယူ ပို့ဆောင်ဖြန့်ဖြူးလျက်ရှိရာ ၅-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အပါအဝင်  နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ အရောင်းဆိုင် (၃၃၉၁)ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၇၂၉ စီးဖြင့် 92 Ron ဂါလန် (၉ သိန်း ၇ သောင်းကျော်)၊ 95 Ron ဂါလန် (၂ သိန်း ၅ သောင်းကျော်)၊ ဒီဇယ်ဆီဂါလန် (၆ သိန်း ၅ သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ (၈ သိန်း ၃ သောင်းကျော်)အား ပို့ဆောင်ဖြန့်ဖြူးနိုင်ခဲ့ပြီး ၆-၁၂-၂၀၂၃ ရက်နေ့တွင်လည်း အဆိုပါ Terminal  များမှ စက်သုံးဆီများအား ဆီတင်ယာဉ်များဖြင့် အဆက်မပြတ် ဖြည့်တင်း ပို့ဆောင်ပေးလျက် ရှိပါသည်။ ထို့ပြင် ပြည်ပမှ ဆီတင်သင်္ဘော (၁၀)စင်းသည် ပင်လယ်ဝတွင်လည်းကောင်း၊ ဆီတင်သင်္ဘော(၃)စင်းသည် သီလဝါဆိပ်ကမ်း ဒေသရှိ Jetty  များတွင်လည်းကောင်း အသင့်စောင့်ဆိုင်းလျက်ရှိပြီး သက်ဆိုင်ရာ Terminal များသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိအခြေအနေတွင် အများ ပြည်သူများအနေဖြင့် ကောလာဟလသတင်း များကြောင့် စက်သုံးဆီပြတ်လပ်နိုင်သည် ဟု လည်းကောင်း၊ ကမ္ဘာ့ရေနံဈေးနှုန်းနှင့် စင်ကာပူ MOPS ဈေးနှုန်းအခြေအနေ တို့အရ  ပြည်တွင်း စက်သုံးဆီဈေးနှုန်း ပြောင်းလဲမည်ဟု လည်းကောင်း စိုးရိမ်ပူပန်မှုများဖြင့် ပုံမှန်ပြည်တွင်း သုံးစွဲမှုပမာဏထက်  ပိုမိုများပြားစွာ ဝယ်ယူနေကြသဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ ဖြည့်တင်း ပေးနိုင်မှုစွမ်းအားနှင့်အညီ ပုံမှန်သုံးစွဲမှု ပမာဏအတိုင်း စဉ်ဆက်မပြတ် စိတ်အေး ချမ်းသာစွာ ဝယ်ယူနိုင်ပါကြောင်းနှင့် မိမိတို့ လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလို အပ်ပါကြောင်း သတင်းရရှိပါသည်။