၈-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြိုတွင် ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးသန်းဆွေ တက်ရောက်ခြင်း၊ ပြည်ဖျက်မီဒီယာများမှ ကောလာဟလ သတင်းတု၊ သတင်းမှားများအား မိနစ်နှင့်အမျှ ထုတ်လွှင့်နေမှု အခြေအနေများ၊ ၈-၁၂-၂၀၂၃ ရက်နေ့  ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်း၊ တာမိုးညဲနှင့် ရခိုင်ပြည်နယ် နှုးဘူးတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်။

နေပြည်တော်၊ ဒီဇင်ဘာ ၈

           တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှာကျင်းပတဲ့ ရှစ်ကြိမ်မြောက် မဲခေါင်-လန်ချမ်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီများအစည်းအဝေးကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်လျှက်ရှိပါတယ်။ ဒီမဲခေါင်-လန်ချန်း အစည်းအဝေးမှာ‌တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ပူးတွဲဥက္ကဌများအဖြစ် ဆောင်ရွက်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပြီးရင် ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီမဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းဆိုတာ သည် ဒေသတွင်းမှာ ခိုင်မြဲတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေဖြစ်တဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကို ဦးတည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို အထောက်အကူပြုစေနိုင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကနေ အထူးစီမံကိန်း ၁၀၆ ခု အတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁ ဒဿမ ၆ သန်းကို မြန်မာနိုင်ငံကို ထောက်ပံ့ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေးမတိုင်ခင်မှာ ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲများလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းကောင်း နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြီးရင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ တိုးတက်မြှင့်တင်အောင် ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းတွေ၊ ပြီးရင် မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်မှုတွေကို ထဲထဲဝင်ဝင် ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အရင်ကပြောခဲ့သလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နဲ့အညီ အိမ်နီးချင်းကောင်းပီသစွာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံများ၊ ဆွေမျိုးပေါက်ဖော်နိုင်ငံများ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး ပြည်ဖျက်မီဒီယာများအနေနဲ့ အမျိုးမျိုးဝေဖန်တာတွေ၊ အမျိုးမျိုး တရုတ်-မြန်မာ နှစ်နိုင်ငံအကြားမှာ အထင်အမြင်လွဲအောင် လုပ်ကြံဖန်တီးလုပ်တာများရှိပြီး ဖြစ်ပါတယ်။ ရှိနေပါတယ်။ ယခင်ကလည်း လုပ်ခဲ့ပါတယ်။ ယခုလည်း ဆက်လက်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။ နောက်လည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့က နှုတ်က ထုတ်ဖော် မပြောသည့်တိုင် မြန်မာနိုင်ငံကို အသုံးချပြီးတော့ တရုတ်ထိန်းချုပ်ရေး မူဝါဒ CHINA CONTAINMENT POLICY ကို ကျင့်သုံးနေ တာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ သတိပြုရမှာဖြစ်ကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်။

           နောက်တစ်ခုကတော့ သတင်းမှား ကောလာဟလသတင်းများ ဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာများအနေနဲ့ အခုနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေများပေါ်မှာမူတည်ပြီး ကောလာဟလသတင်းတွေ၊ သတင်းတု၊ သတင်းယောင်တွေ မိနစ်နဲ့အမျှ တင်နေပါတယ်။ မိနစ်နဲ့အမျှလည်း တွေ့နေရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သတင်းတု၊ သတင်းမှားများနဲ့ပတ်သက်ပြီး၊ ကောလာဟလသတင်းများနဲ့ပတ်သက်ပြီး ဖြေရှင်းပါတယ်။ ဖြေရှင်းပေမဲ့လည်း ဒါနဲ့ပတ်သက်ပြီး ဒီဟာတွေသည် သတင်းတု၊ သတင်းမှားများကို ဆက်လက်ပြီး ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီကောလာဟလသတင်းများ ထုတ်လွှင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ကြောက်ရွံ့မှုတို့၊ မျှော်လင့်ချက်တို့ ဒါတွေနဲ့ထုတ်လွှင့်တာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ သတင်းတု၊ သတင်းမှာများနဲ့ ပြည်သူလူထုကို သတင်းအဆိပ်သင့်အောင် လုပ်နေဦးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားများ၊ နိုင်ငံတော် လုံခြုံရေးတာဝန်ကို ထမ်းဆောင်ကြတဲ့ အဖွဲ့အစည်းများ၊ နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့ ပြည်သူလူထုများအနေနဲ့ ဒီသတင်းတု၊ သတင်းမှားများနဲ့ ကောလာဟလသတင်းများကို သတိပြုရမှာဖြစ်ပါတယ်။ ဒီသတင်းတု၊ သတင်းမှားများနဲ့ ကောလာဟလသတင်းများကို ထုတ်လွှင့်ပြီး နိုင်ငံတော်ရဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မတည်ငြိမ်အောင် ဖန်တီးပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်မနေ့ကပြောသလို အကြမ်းဖက်လုပ်ရပ်များကို အားပေးတဲ့ သတင်းများ ထုတ်လွှင့်ခြင်းအားဖြင့် ပြည်သူလူထုနဲ့ပတ်သက်လာပြီး စိုးရိမ်ထိတ်လန့် လာအောင်လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒါသည်သူတို့ရဲ့ အကြမ်းဖက် နည်းဗျူဟာပဲ ဖြစ်ပါတယ်။ မြေပြင်မှာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လုပ်ပြမယ်။ ပြည်သူ့ရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့လမ်းပန်းဆက်သွယ်မှု၊ ပြည်သူလူထုရဲ့ လျှပ်စစ်ဓာတ်အားအပါဝင် လူမှုစီးပွားဘဝ ထိခိုက်အောင်လုပ်မယ်။ ခြိမ်းခြောက်မယ်။ သတင်းမီဒီယာများကနေတစ်ဆင့် ခြိမ်းခြောက်မယ်။ ပြည်သူကို တိုက်ရိုက် မြေပြင်မှာကော၊ သတင်းမီဒီယာများကနေတစ်ဆင့် ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ ဒီခြိမ်းခြောက်နေတဲ့ ဒီအဖွဲ့အစည်းများရဲ့ ဒီမိုကရေစီဆိုတဲ့ ကြွေးကြော်မှု၊ ဒီမိုကရေစီဆိုတဲ့ ပါးစပ်ကနေပြော တာဆိုတာသည် ယုံကြည်စရာတစ်စပ်မှ မရှိဘူးလို့ပဲ ပြောခြင်ပါတယ်။

           ထိတွေ့တိုက်ပွဲများအနေနဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ခမ်းနဲ့ တာမိုညဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ နမ့်ခမ်းကိုတော့ ရန်သူအနေနဲ့ နမ့်ခမ်းစခန်းကို တိုက်ခိုက်နေတာ တစ်လကျော်လောက် ရှိပြီဖြစ်ပါတယ်။ ဒီနမ့်ခမ်းမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများရဲ့ ဇွဲသတ္တိနဲ့ လုပ်ရည်ကိုင်ရည်ကို နိုင်ငံတော်ကြီးအကဲ၊ တပ်မတော်အကြီးအကဲများအနေနဲ့ အသိအမှတ်ပြုပါတယ်။ ချီးကျုးဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ စစ်တွေ ရခိုင်ပြည်နယ်ဘက်မှာတော့ နုံးဘူးဘက်မှာ ထိတွေ့တိုက် ပွဲအနည်းငယ်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ တပ်မတော်အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေတာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကျွန်တော်တို့ တရားသောစစ်ကို တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားသောစစ်ပွဲသည် မုချမသွေ အောင်မြင်ရမှာ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။