ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁၄

            ဒေသတွင်းစားရေရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

    ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း(ဝါးနက်ချောင်း)၌ ဆိတ်များမွေးမြူထားရှိမှု၊ တစ်သျူး ငှက်ပျောပင်များ စိုက်ပျိုးထားရှိမှု၊ မန်ဂျန်ရှားပင်များ စိုက်ပျိုးထားရှိမှု၊ အသားတိုး ကြက်များ မွေးမြူထားရှိမှု၊ အမှတ်(၂)ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း၌ အသားတိုး ကြက်နှင့် ဉစားကြက်များ မွေးမြူထားရှိမှု၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၄)စိုက်ပျိုး မွေးမြူရေးစခန်း၌ နို့စားနွားနှင့်ဒေသနွားများ မွေးမြူထားရှိမှု၊ အင်းစိန်မြို့နယ် တညင်း ကုန်းရပ်ကွက်ရှိ အမှတ်(၃)စိုက်ပျိုးမွေးမြူရေးစခန်း(တညင်းကုန်း)၌ အဆင့်မြင့် အသားတိုးဝက်နှင့် အဆင့်မြင့် မျိုးဝက်မများ မွေးမြူထားရှိမှု၊ကာကီကင်း ဉစားဘဲများ မွေးမြူထားရှိမှု၊ အမှတ်(၁)စိုက်ပျိုး/မွေးမြူရေးစခန်း(စော်ဘွားကြီးကုန်း)၌ အစာစပ် စက်ရုံလည်ပတ်နေမှု၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု၊  ငါးမွေးမြူရေးကန် များတွင် ငါးတန်၊ငါးမုတ်၊ မြက်စားငါးကြင်းများ မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။