၁၄-၁၂-၂၀၂၃ ရက်နေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

အနောက်နိုင်ငံများနှင့် အနောက်နိုင်ငံအားကိုးမီဒီယာများအနေဖြင့် ညနေတိုင်းထုတ်လွှင့် နေကျ ပုံသေနည်းသတင်းတစ်ပုဒ်ထပ်တိုးထုတ်လွှင့်မှု ၁၄-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်နှင့်ခမ်းပတ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်-

ဒီနေ့မှာတော့ အနောက်နိုင်ငံများနဲ့ အနောက်နိုင်ငံအားကိုးမီဒီယာများအနေနဲ့ ည နေတိုင်းနဲ့ ညပိုင်းတိုင်းမှာထုတ်လွှင့်နေကျ ပုံသေနည်းသတင်းတစ်ပုဒ်ထပ်တိုးလာတယ် ဆိုတာတွေ့ရတယ်။ ဒီ ထုတ်လွှင့်နေကျပုံသေနည်းသတင်းတစ်ပုဒ် ဆိုတာကတော့ ရှမ်း ပြည်နယ်(မြောက်ပိုင်း)မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆွေးနွေး ခဲ့တာတွေရှိတယ်ဆိုတာ ထုတ်လွှင့်ပြီးဖြစ်တယ်။ အဲဒီ ဆွေးနွေးချက်တွေ၊ ဆွေးနွေးမှုတွေ အပေါ်မှာမူတည်ပြီး မစိုးရိမ်ကြဖို့နဲ့၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ စိုးရိမ်စရာ မရှိတဲ့အကြောင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ MNDAA ၊ TNLA ၊ AA အဖွဲ့ကပြောတဲ့အကြောင်းဆိုတာကို အမြဲတမ်းထုတ်လွှင့်နေတဲ့ပုံစံ မျိုးလေးတွေတွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားများ၊ ပြည်သူလူထု အနေနဲ့ ဘယ်သူမှငြိမ်းချမ်းရေးကိုမလိုလားတဲ့သူမရှိဘူး။ ပဋိပက္ခတွေ မဖြစ်ပွားစေချင်ဘူး။ ကိုယ့်ရဲ့လူမှုစီးပွားဘဝတည်ငြိမ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝပြည့်စုံ တည်ငြိမ်ရေးကိုဘဲ သူတို့အားပေးကြတာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့မေးခွန်းထုတ် စရာရှိတာက သူတို့ပြောသလို မြန်မာပြည်သူလူထုကို မစိုးရိမ်ပါနဲ့ဆိုတော့ မြန်မာပြည်သူ လူထုက စိုးရိမ်နေတာလား၊ သူတို့ကစိုးရိမ်နေတာလားဆိုတာဘဲ မေးခွန်းထုတ်စရာဖြစ်ပါ တယ်။ အဖြေကတော့ရှင်းရှင်းလေးပါဘဲ မြန်မာနိုင်ငံထဲမှာ ပဋိပက္ခတွေလျော့ပါးသွားမှာ၊ မြန်မာနိုင်ငံလေး ငြိမ်းချမ်းရေးရရှိမှာ၊ ပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲပြီး ငြိမ်းချမ်းသွားမှာကို သူတို့ဘဲမလိုလားနေတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ မြန်မာ နိုင်ငံထဲမှာ အပစ်အခတ်ရပ်စဲမယ့်ကိစ္စတွေ၊ ပဋိပက္ခလျော့နည်းမယ့်ကိစ္စတွေ၊ လူမှုစီးပွား ဘဝတည်ငြိမ်စေမယ့်ကိစ္စတွေကို မျိုးစုံသွေးထိုးလှုံ့ဆော်ပြီး ဆောင်ရွက်နေကြခြင်းဖြစ်တယ် ဆိုတာကို အားလုံးကသတိပြုရမှာဖြစ်ပါတယ်။ ဝိုင်းဝန်းဆန့်ကျင်ရမှာဖြစ်ပါတယ်။

ဒီနေ့ထိတွေ့မှုများအနေနဲ့ ရှမ်းပြည်နယ်(အရှေ့မြောက်)ဘက်မှာ နမ့်ခမ်းနဲ့(၁၀၅)မိုင် ကြားမှာ TNLA အဖွဲ့နဲ့ ထိတွေ့မှုရှိပါတယ်။ ပြီးရင် ကယားပြည်နယ်ဘက်မှာဆိုရင် ပြည်နယ် ရဲရုံးဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှု ရှိပါတယ်။ ထီးချိုင့်နဲ့ခမ်းပတ်ဘက်မှာ ထိတွေ့တိုက် ပွဲ ဖြစ်ပွားခဲ့မှုရှိပါတယ်။ ခမ်းပတ်မှာဆိုရင် သူတို့အနေနဲ့အရင်က ထုတ်ခဲ့ဖူးပါတယ်။ ခမ်းပတ် မြို့ကို ထိန်းချုပ်ထားနိုင်ပြီဆိုတာမျိုး ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာ ပြန်လည်လုံခြုံမှု၊ တည်ငြိမ်မှုရှိစေရေး ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ တပ်မတော်အနေနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ တို့တာဝန်အရေး(၃)ပါး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒါတွေကို အစဉ်တစိုက်ရပ်တည်၊ ဆောက်တည် သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။