ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပိတ်ထားခြင်းကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ ရပ်တည်ရန်ခက်ခဲလာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို COVID-19  ရောဂါအခြေအနေကြောင့် ဆက်လက်ပိတ်ထားလျက်ရှိရာ ပြည်တွင်း

လေကြောင်းလိုင်းများ ရပ်တည်ရန်ခက်ခဲ လာကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း    CEO     ဦးသန်းထွန်း၏ ပြောကြားချက်အရ သိရသည်။

COVID-19  ရောဂါ  စတင်ဖြစ်ပွား ချိန်တွင် ပြည်တွင်းခရီးသွား ၄၀ ရာခိုင်နှုန်း ရှိသော်လည်း လက်ရှိတွင် ပြည်တွင်းပြည်ပ

ခရီးစဉ်အားလုံး    ရပ်ဆိုင်းထားသဖြင့်      လေကြောင်းလိုင်းများ ရပ်တည်ရေးအတွက် အခက်အခဲများနှင့်   ရင်ဆိုင် နေရကြောင်း သိရသည်။ ထို့ပြင် ဝန်ထမ်းလစာများနှင့်  အသုံးစရိတ်များ   အားလုံးကို လျှော့ချ၍   ရေရှည်ရပ်တည် နိုင်ရေးအတွက် ဖြေရှင်းပေးနိုင်ရန်၊     လေကြောင်းလိုင်း များအနေဖြင့် ငှားရမ်းထားသည့် လေယာဉ်နှင့်  ဝယ်ယူ ထားသည့် လေယာဉ်များ ရှိနေသည့်အတွက်  ယင်းစရိတ်များ၊   အာမခံစရိတ်များကို ကာမိစေရန်  သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ချေးငွေရယူ ဆောင်ရွက်နေရကြောင်း သိရသည်။

ဒီကာလမှာ လေကြောင်းလိုင်းတွေလည်း အခက်အခဲတွေ ရှိကြတယ်။ ပြည်ပကို ပျံသန်းနေတဲ့  ပြည်တွင်းလေကြောင်း လိုင်းတွေရော နိုင်ငံပိုင်လေကြောင်းလိုင်းတွေပါ အခက်အခဲရှိနေပါတယ်။ လေဆိပ်ယာယီပိတ်ထားရတာကို  သက်တမ်းတိုး တာလည်းဖြစ်လာနိုင်ပါတယ်ဟု ဦးသန်း ထွန်းကပြောသည်။

COVID-19  ရောဂါအခြေအနေကြောင့်    ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ဇန်နဝါရီလ နှောင်းပိုင်းမှစ၍  သိသာစွာ ကျဆင်းလျက်ရှိပြီး      ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  နိုင်ငံတကာလေယာဉ်များ  ပျံသန်းခွင့်ရပ်နားထားခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ငါးလတာကာလအတွင်း ဝင်ငွေ ၅၃ ရာခိုင်နှုန်း အထိကျဆင်းခဲ့ရာ     လက်ရှိတွင်လည်း ဆက်လက် ကျဆင်းနေဆဲဖြစ်ကြောင်း သိရ သည်။                         

  စိုးမိုး