‌မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဒညင်းကုန်းကျေးရွာထိပ်တွင် တပ်စွဲထားသော   လုံခြုံရေး တပ်ဖွဲ့များအား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁ ဦး သေဆုံးခဲ့ဟု သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာ များတွင် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာလ ၁၅ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဒညင်းကုန်းကျေးရွာထိပ်တွင် တပ်စွဲထားသည့် တပ်မ(၄၄) လက်အောက်ခံ ခမရ(၃)တပ်မှ တပ်မတော်သားများအား ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အကြမ်းဖက်သမားများက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကြောင့် တပ်မတော်သား ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများအား ပြည်ဖျက်မီဒီယာ Khit Thit က ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိ ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာနှင့် အနီးဝန်းကျင်၌ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် တပ်မတော်မှ နယ်မြေ လုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့မှု မရှိကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များအရ သိရှိရသည်။

ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများ အနေဖြင့် ၎င်းတို့၏ မဟုတ်မမှန် သတင်းများနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများမှ ကြောက်ရွံ့မုန်းတီးလာပြီး ထောက်ပံ့မှုမရှိသည့်အတွက် ၎င်းတို့ရပ်တည်နိုင်ရေး အနောက်နိုင်ငံများအလိုကျ နိုင်ငံ အတွင်းမငြိမ်မသက်ဖြစ်စေရန် မဟုတ်မမှန်သတင်းများ ရေးသားလှုံဆော်ခြင်း၊ တိုက်ပွဲများအား ဇာတ်လမ်းဆင်၍ ရေးသားဖော်ပြခြင်းများကို လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်းသတင်းရရှိပါသည်။