တိုက်ကြီးမြို့နယ်နှင့် သုံးခွမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 

တိုက်ကြီးမြို့နယ်နှင့် သုံးခွမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်၊ ၂၀၂၃၊ ဒီဇင်ဘာ - ၁၅

          ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကတိုင်စိန်ကျေးရွာ၊ သုံးခွမြို့နယ်၊ သိုက်တူးကန် စံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် သတ်မှတ်နေရာအသီးသီး၌  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေး အဖွဲ့များက သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် ၃ ပါးနှင့် ဒေသခံပြည်သူ ၄၄၅ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခြင်း၊ EGC ၊ Ultrasound စက်တို့ဖြင့် ရောဂါ ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူ များက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။