၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိပါက အမေရိကန်က ဒီမိုကရေစီစနစ်ကို ဆုံးရှုံးမည့် အန္တရာယ်ရှိဟု ဘိုင်ဒင်သတိပေး

 

၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိပါက အမေရိကန်က ဒီမိုကရေစီစနစ်ကို ဆုံးရှုံးမည့် အန္တရာယ်ရှိဟု  ဘိုင်ဒင်သတိပေး

 

    အမေရိကန်ပြည်ထောင်စုတွင် လာမည့် ၂၀၂၄ ခုနှစ်ကျင်းပမည့်   ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိပါက  အမေရိကန်အနေဖြင့် ဒီမိုကရေစီစနစ်ကို ဆုံးရှုံး ရမည့်အန္တရာယ်ရှိကြောင်း လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က သတိပေး ပြောကြားသည်။

    ထို့ကြောင့်   လာမည့်ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီဝင် ကိုယ်စားလှယ်လောင်း များအနိုင်ရရှိပါက နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ကယ်တင်ပေးနိုင်မည်ဖြစ်ပြီး အကယ်၍ ဒေါ်နယ်ထရမ့် အနိုင်ရရှိပါက  အမေရိကန်အနေဖြင့် အရာအားလုံးကို ဆုံးရှုံးရဖွယ်ရှိကြောင်း ဘိုင်ဒင်က   မေရီလန်းပြည်နယ်တွင် ဒီဇင်ဘာလ ၁၉ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ မဲဆွယ်ပွဲအတွက် ရန်ပုံငွေရှာဖွေရေး အခမ်းအနားတစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ထရမ့်သည် နိုင်ငံ၏ ရန်သူများကို လက်စားချေရန်နှင့် ပြန်လည် လက်တုံ့ပြန်ရန်အတွက် အမေရိကန်အစိုးရအား အသုံးချခဲ့ခြင်းကြောင့် ၎င်းအား ရွေးကောက်ပွဲ၌ အနိုင်ပေး၍ မဖြစ်နိုင်ကြောင်း ဘိုင်ဒင်ကပြောကြားသည်။

လက်ရှိတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် အမေရိကန်ပြည်သူများ၏ ထောက်ခံမှုနှုန်းသည် ဘိုင်ဒင်အပေါ်ထားရှိသည့် ထောက်ခံမှုနှုန်းနှင့် နီးစပ်လာစဉ် ဘိုင်ဒင်၏ သတိပေးချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ထပ်မံကျင်းပမည့်    သမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ်   နိုဝင်ဘာလ ၅ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။