ဟူသီသူပုန်များအား တိုက်ခိုက်မည်ဆိုပါက အမေရိကန်စစ်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ဟူသီအဖွဲ့ သတိပေး

 

ဟူသီသူပုန်များအား တိုက်ခိုက်မည်ဆိုပါက အမေရိကန်စစ်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ဟူသီအဖွဲ့ သတိပေး

 

    ယီမင်နိုင်ငံရှိ   ဟူသီသူပုန်များအား အမေရိကန်က   တိုက်ခိုက်မည်ဆိုပါက အမေရိကန်၏ စစ်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဆိုပါသူပုန်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်တွင် သတိပေးပြောကြားသည်။

အမေရိကန်တပ်များအနေဖြင့် ဟူသီသူပုန်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မည်ဆိုပါက မိမိတို့အနေဖြင့်လည်း အမေရိကန်၏ စစ်သင်္ဘောများ၊ အကျိုးစီးပွားများနှင့်   ရေကြောင်းသွားလာမှုများကို တိုက်ခိုက်မည်ဖြစ်ကြောင်း ဟူသီသူပုန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ အဗ္ဗဒယ်မာလက်အယ်လ်ဟူသီက ပြောကြားသည်။

ဟူသီသူပုန်များသည် ယီမင်နိုင်ငံအတွင်း ဖြစ်ပွားသည့် စစ်ပွဲအတွင်း နိုင်ငံအတွင်းရှိ နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ပြီးနောက် ပြီးခဲ့သည့်လမှစ၍ ပင်လယ်နီ အတွင်းသို့   ဖြတ်သန်းသွားလာသည့် ကုန်တင်သင်္ဘောများအား  ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များဖြင့်   တိုက်ခိုက်လာသည်။   ယင်းတိုက်ခိုက်မှုများသည် အစ္စရေးနိုင်ငံက   ပါလက်စတိုင်းရှိ ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်နေခြင်း အား လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဟူသီသူပုန်များကဆိုသည်။

ထို့ကြောင့် အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများသည် ဟူသီသူပုန်များ၏ တိုက်ခိုက်မှုများကို တားဆီးနိုင်ရေး အတွက် ပင်လယ်နီအတွင်း ကင်းလှည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဟူသီသူပုန်များ၏ တိုက်ခိုက်မှုများသည် အစ္စရေးနှင့်   ပါလက်စတိုင်းတို့ကြား ပဋိပက္ခများ မြင့်တက်လာချိန်မှစ၍ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။