ပြည်တွင်း စက်သုံးဆီသုံးစွဲမှုများအတွက် စက်သုံးဆီ အလုံအလောက် ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် တရားမဝင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချမှုများအား စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိ

 

ပြည်တွင်း စက်သုံးဆီသုံးစွဲမှုများအတွက် စက်သုံးဆီ အလုံအလောက် ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် တရားမဝင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချမှုများအား စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၁

    အများပြည်သူများအနေဖြင့်  မကြာမီ စက်သုံးဆီပြတ်လပ်မည်ဆိုသည့်   လူမှုကွန်ရက်များတွင် လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော်လောဘဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါ တန်းစီ၍ ထုတ်ယူပြီး တစ်ဆင့် ပြန်လည်ရောင်းချခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ    စက်သုံးဆီ အရောင်းဆိုင်အချို့တွင် ဖြည့်တင်းပေးနိုင်မှု စွမ်းအားကျော်လွန်သည်အထိ စက်သုံးဆီများကို ဝယ်ယူလျက်ရှိရာ အရောင်းဆိုင်များတွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန် အတွက် စက်သုံးဆီများကို အဆက်မပြတ် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည့်အပြင် စက်သုံးဆီ အရောင်းဆိုင်များတွင် အကြိမ်ကြိမ်တန်းစီ ဝယ်ယူကာ တစ်ဆင့်ပြန်လည် ရောင်းချမှုများနှင့် တရားမဝင်သိုလှောင် ရောင်းချခြင်းများနှင့် ဆီတင်ယာဉ်ဖြင့် တရားမဝင် သယ်ယူပို့ဆောင်ခြင်းများအား တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များ ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ ၅-၁၀-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ရန်လင်းအောင် ကားဂိတ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင် ချက်ဆီ  ၄၅  ဂါလန်ဆံ့ ပီပါ ၈၄ လုံး ၃၇၈၀ ဂါလန်ခန့်အား လည်းကောင်း၊ ၈-၁၀-၂၀၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အတွင်း မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၃၅ ဂါလန်ဆံ့  ပီပါ  ၆၅  လုံး ၂၂၇၅ ဂါလန်ခန့်အား လည်းကောင်း၊ ၂၄-၁၀-၂၀၂၃ ရက်နေ့တွင် မုံရွာမြို့ ကမ်းနားလမ်းဘေးရှိ ရပ်ကွက်ရုံးရှေ့ရှိ သုံးဘီးဆိုင်ကယ် နှစ်စီးပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ  ၄၅  ဂါလန်ဆံ့ ပီပါ ၈၄ လုံး  ၃၇၈၀ ဂါလန်ခန့်အား လည်းကောင်း၊ ၁-၁၁-၂၀၂၃ ရက်နေ့တွင် မုံရွာမြို့ မန်းကျည်းပင်ဈေး ကျောက္ကာလမ်းပေါ်တွင် သုံးဘီးဆိုင်ကယ်တစ်စီးပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၃၅ဂါလန်ဆံ့ ပီပါ ၁၄ လုံး ၄၉၀ ဂါလန်ခန့်အား လည်းကောင်း၊ ၃၀-၁၁-၂၀၂၃ ရက်နေ့တွင် မုံရွာမြို့ ကွေ့ကြီးရပ်ကွက် ကမ်းနားလမ်းတွင် ပိုင်ရှင်မဲ့ချက်ဆီ ပီပါ ၂၀ လုံး၇၀၀ ဂါလန်ခန့်အား လည်းကောင်း၊ ၁၂-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မန္တလေး-စဉ့်ကူးလမ်းပိုင်း မိုင်တိုင်အမှတ် ၄၅/၃ တွင် စက်သုံးဆီ တရားမဝင် သယ်ဆောင်လာသည့် ဆီတင်ယာဉ် Bowser လေးစီးအား စက်သုံးဆီ ၃၆၈၇၇ ဂါလန်ဖြင့်လည်းကောင်း၊ ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်တံတားအနီးတွင် တရားမဝင်ချက်ဆီ ၆၀၀၀ ဂါလန် သယ်ဆောင်လာသည့် ဆီသယ်ယာဉ်တစ်စီးအား လည်းကောင်း၊ ၁၄-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဖရဲကျွန်းကျေးရွာမိုင်တိုင်အမှတ် ၃၅၈ မိုင် ၄ ဖာလုံရှိ ခြံဝင်းအတွင်း၌ တရားမဝင် မြေအောက်သိုလှောင်ကန်ဖြင့် သိုလှောင်ထားသည့် စက်သုံးဆီ ၃၃၈၆ ဂါလန်အား လည်းကောင်း၊ ၁၄-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် DENKO  စက်သုံးဆီ အရောင်းဆိုင်တွင်  နှစ်ကြိမ်တန်းစီ ဝယ်ယူသည့်မော်တော်ယာဉ် တစ်စီးအား ယာဉ်၏နောက်ခန်းတွင် မောင်းဆီတိုင်ကီနှင့် ပိုက်သွယ်တန်းထားသော   ဂါလန် ၁၅၀ ဆံ့ ပလတ်စတစ် ပီပါတစ်လုံး၊ ဂါလန် ၅၀ ဆံ့ သံပီပါ ခြောက်လုံး၊ ပလတ်စတစ်ပီပါ တစ်လုံးဖြင့် လည်းကောင်း၊ ၁၅-၁၂-၂၀၂၃ ရက်နေ့တွင် သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် ဧရာဝဏ်လမ်း ကျောက်တိုင်မှတ်တိုင် အနီးတွင် အရောင်းဆိုင်များမှ   တန်းစီဝယ်ယူပြီး   တစ်ဆင့်ပြန်လည်ရောင်းချနေသည့်  မော်တော်ယာဉ်  တစ်စီးနှင့်  ၎င်းယာဉ်ပေါ်တွင် ပါရှိသည့် ၁ ပီပါလျှင် ဂါလန် ၅၀ ဆံ့  ဒီဇယ်ဆီပီပါ ၁၀ လုံးအား လည်းကောင်း၊ ၁၆-၁၂-၂၀၂၃  ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက် တန်းမြို့နယ် ဒဂုံ-သီလဝါလမ်းမကြီးဘေးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တရားမဝင် သိုလှောင်ထားရှိသည့်   စက်သုံးဆီ ၄၈ ဂါလန်ဆံ့ သံပီပါ သုံးလုံး၊ ပါဝါဆီအဖြူ ဂါလန် ၃၀ ပါ သံပီပါ တစ်လုံး၊ ပါဝါဆီအဝါ ၁၅ ဂါလန်ပါ သံပီပါ တစ်လုံး၊စက်ဆီ၊ ချောဆီ ၄၈ ဂါလန်ဆံ့ သံပီပါနှစ်လုံး၊ ဆီမည်းအပျက် ၄၅ ဂါလန်ပါသံပီပါနှစ်လုံးနှင့် ၁၅ ဂါလန်ပါ သံပီပါတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ၁၈-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးမြင့်  ဦးစီးအဖွဲ့သည် မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာရှိ ခြံတစ်ခြံတွင် တရားမဝင်  စက်သုံးဆီသိုလှောင် ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဂါလန် ၈၀၀ ဆံ့ သိုလှောင်ကန် ၁၄ ကန်နှင့် ဒီဇယ်ဆီဂါလန် ၇၂၀၊ ဂါလန် ၈၀၀ ဆံ့ အဖြူရောင် Bowser  အခွံနှစ်စီး၊ ဂါလန် ၈၀၀ ဆံ့ ဆီ Bowser  ပုံစံဆီတိုင်ကီ အခွံနှစ်လုံးတို့အား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ ခြံအမှတ်(၅၆၀)အတွင်းမှ ဆီ Bowser ပုံစံ(ဆလင်ဒါသံကန်)ဆီသိုလှောင်ကန် ၁၁ ကန်နှင့် ဒီဇယ်ဆီ ၆၈၅၇ ဂါလန်၊ 92 Ron၂၇၅၀ ဂါလန်ပါသည့် ပီပါ   ၅၅  လုံးနှင့်  ပီပါအခွံ ၁၆ လုံး၊ ဒီဇယ်ဆီ ၁၃၇၀ ဂါလန်ပါရှိသည့် Hyu-ndai   အမျိုးအစား အဖြူရောင်ဆီသယ်ယာဉ် Bowser  တစ်စီးနှင့် Isuzu အမျိုးအစား အဖြူရောင်ဆီသယ်ယာဉ် Bowser တစ်စီးတို့အား လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၀-၁၂-၂၀၂၃ ရက်နေ့မှ ၁၅-၁၂-၂၀၂၃ ရက်နေ့ထိ တရားမဝင် စက်သုံးဆီရောင်းချမှု ၁၇ မှုဖမ်းဆီး ရရှိမိပြီး စက်သုံးဆီ ၇၁၉ ဂါလန်ခန့်နှင့် ဖြန့်ဖြူးရောင်းချရာမှာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီတွင် ၁၀-၁၂-၂၀၂၃ ရက်နေ့မှ ၁၄-၁၂-၂၀၂၃ ရက်နေ့ထိ တရားမဝင်စက်သုံးဆီ ရောင်းချမှု ရှစ်မှုဖမ်းဆီးရရှိမိပြီး စက်သုံးဆီ ၁၀၀ ဂါလန်ခန့်နှင့် ဖြန့်ဖြူးရောင်းချရာမှာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း ဖမ်းဆီးရရှိမိခဲ့ရာ စုစုပေါင်းတရားမဝင် စက်သုံးဆီ ၆၉၉၀၉ ဂါလန်ခန့် ခန့်မှန်း တန်ဖိုးငွေကျပ် ၇၃၅ သန်းကျော်၊ စက်သုံးဆီ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် ဆီတင်ယာဉ် Bowser   ၁၁ စီးနှင့်တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီသိုလှောင်ကန်များ အပါအဝင် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရရှိမိခဲ့ပြီး သက်ဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ထို့ပြင်  ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်သည် စက်သုံးဆီရှိလျက်  ရောင်းချမပေးခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ် Bowser  ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများမှ စိစစ်တွေ့ရှိရသဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ စီမံခန့်ခွဲရေးနည်းလမ်းအရ သတ်မှတ်ဒဏ်ကြေးတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလ အကန့်အသတ်ဖြင့်ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင်ရွက်ခဲ့ကြောင်း  သိရှိရသည်။

    တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ သိုလှောင်သယ်ယူဖြန့်ဖြူး ရောင်းချမှုများ ပပျောက်စေရန်အတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် တရားမဝင် စက်သုံးဆီသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချမှုများနှင့် ပတ်သက်၍ သတင်းရရှိပါက အဆိုပါအဖွဲ့များသို့ သတင်းပေးပို့   တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။