ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၆၃၉ ဦးထပ်တိုး

နေပြည်တော်  နိုဝင်ဘာ  ၂၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၆၃၉ ဦးနှင့် သေဆုံးသူ ၃၆ ဦးရှိကြောင်း သိရသည်။

(၂၅-၁၁-၂၀၂၀)ရက်  ဓာတ်ခွဲစစ်ဆေးမှုများတွင်   တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၃၃၀ ဦး၏ မြို့နယ်အလိုက်  တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၅-၁၁-၂၀၂၀)ရက် ည ၈ နာရီမှ (၂၆-၁၁-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၀၁၁၈ ခုအား   စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၆၃၉ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။