အင်တာမိုင်ယာမီအသင်းက ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိ

 

အင်တာမိုင်ယာမီအသင်းက ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိ

 

    မေဂျာလိဂ်ကလပ်   အင်တာမိုင်ယာမီအသင်းက မက်ဆီ၏ အသင်းဖော်ဟောင်းဖြစ်သော ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အသက် ၃၆ နှစ်အရွယ် ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းတွင်  မက်ဆီနှင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ   တွဲဖက်ကစားခဲ့ဖူးပြီး   ကလပ်အသင်းလက်မဲ့ဖြစ်နေချိန်တွင်  အင်တာမိုင်ယာမီအသင်းသို့ တစ်နှစ်စာချုပ်အပြင် တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် စာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန်  သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် ၂၀၂၀ ပြည့်နှစ်က  ဘာစီလိုနာ အသင်းနှင့် စာချုပ်ဖျက်သိမ်းကာ  ထွက်ခွာပြီးနောက် အက်သလက်တီကို အသင်းထံ    အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ကစားခဲ့ပြီး  ၂၀၂၂  ခုနှစ်က  အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ကာ   ဥရုဂွေးကလပ် နေစီယွန်နယ်အသင်းသို့ ကာလတိုစာချုပ်ဖြင့် ကစားခဲ့ကာ ယခုနှစ် ဇန်နဝါရီလက ဘရာဇီးကလပ် ဂရီမီယိုအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

ဆွာရက်ဇ်သည်  ဂရီမီယိုအသင်းနှင့်  ပြီးခဲ့သည့် နိုဝင်ဘာလက  စာချုပ်ဖျက်သိမ်းပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေရာမှ အင်တာမိုင်ယာမီ အသင်းသို့  ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီး အဆိုပါအသင်းတွင်လည်း အသင်းဖော် ဟောင်းများ ဖြစ်သည့် မက်ဆီ၊ ဘက်စ်ကွက်နှင့်  အယ်ဘာတို့ ရှိနေသည့်အတွက်   ပြောင်းရွှေ့ကစားခြင်းဖြစ်ကြောင်း   သိရသည်။