စစ်ကိုင်း၊ အောင်မြေသာစံနှင့် မော်လမြိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

စစ်ကိုင်း၊ အောင်မြေသာစံနှင့် မော်လမြိုင်မြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ ၂၃

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၂ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်တွင် TOYOTA HIACE     ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၈ ကီလိုကို လည်းကောင်း၊ ထိုနေ့ နံနက် ၁၀ နာရီတွင် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၈၉ လမ်း၊ ၁၂ x ၁၄ လမ်းကြားရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မနန်းသောရီ(ခ)နန်းစောရီကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄၅ ဒသမ ၅ ကီလိုကို လည်းကောင်း။ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၅ နာရီခွဲတွင် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာအနီးတွင်  သန်းဇော် မောင်းနှင်ပြီး   ချစ်လွင်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။