တရားမဝင်၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်ဖမ်းဆီးရမိ

 

တရားမဝင်၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်ဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ ၂၃

    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ   မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၂၀ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်း၊  ၁၁၇(ဘီ)လမ်းထောင့်၊ မြရည်နန္ဒာအိမ်ရာ၊ တိုက်အမှတ်(၁၃)၊ အခန်း(၁၂)ရှိ  ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  Marlboro စီးကရက်တောင့် (၅၀၀) အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၀၀၀၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃ လမ်း၊ ၁၃၇ လမ်း x ၁၃၈ လမ်းကြားရှိ ငွေခြင်္သေ့ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Dutch Mill နို့ဒိန်ချဉ်ဘူး (၄၈၀၀၀)၊ Lipoအားဖြည့်အချိုရည်ပုလင်း (၁၀၀၀၀)၊  Diablo Beerဘူး (၂၄၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ်၃၉၉၀၀၀၀၀)ကို လည်းကောင်း၊ မန္တလေးမြို့အဝင် ရွှေကျင်တိုးဂိတ်အနီး၌ ဗန်းမော်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  Room Heater  (၃၂၆) လုံး အပါအဝင် ကုန်ပစ္စည်း(၆)မျိုး    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၀၃၀၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၂၀၃၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့အတူ   ဒီဇင်ဘာလ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   သီလဝါကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ဆွယ်တာ အထည် (၄၁၀)၊  Face Wash  (၂၆)ဘူး၊ Fruit Juice (၂၆၂၄၄) ဘူး အပါအဝင် ကုန်ပစ္စည်း (၁၇) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၉၉၈၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌  ကုန်သေတ္တာ (၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် နိုင်လွန်ငါးဖမ်းပိုက် (၇၀၉၃) ကီလိုဂရမ်၊   Floating Foam For Fishing Net ကီလိုဂရမ် (၁၆၀၀) အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅၀၆၉၆၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၅၀၄၉၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၂၁ ရက်တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၌ တရားမဝင် စက်သုံးဆီဒီဇယ်ဆီ (၆၅) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၅၉၀၀)ကို လည်းကောင်း၊ ဒီဇင်ဘာလ ၂၂ ရက်တွင် ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၌ တရားမဝင် စက်သုံးဆီဓာတ်ဆီဂါလန် (၃၂၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၂၈၀၀၀၀)နှင့် ဒီဇယ်ဆီ ဂါလန် (၅၂၅၀)  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၆၁၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၄၆၅၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာလ ၂၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    လယ်ဝေးမြို့နယ်၌ လိုင်စင်မဲ့  LUOJIA-110 မော်တော်ဆိုင်ကယ်(၁)စီး     (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး     ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ   အရေးယူဆောင်ရွက်လျက် ရှိပါသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာလ ၂၀ ၊ ၂၁ နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၈၃၇၇၃၈၆၀) ဖြစ်ကြောင်း  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှသိရသည်။