၀က်စ်ဟမ်းအသင်းကိုရှုံးနိမ့်ပြီးနောက် ၁၉၉၂ ခုနှစ်နောက်ပိုင်း လေးပွဲဆက်ဂိုးမသွင်းနိုင်သည့် မှတ်တမ်းဆိုးကို မန်ယူအသင်းပြန်လည်ရရှိ

 

၀က်စ်ဟမ်းအသင်းကိုရှုံးနိမ့်ပြီးနောက် ၁၉၉၂ ခုနှစ်နောက်ပိုင်း လေးပွဲဆက်ဂိုးမသွင်းနိုင်သည့် မှတ်တမ်းဆိုးကို မန်ယူအသင်းပြန်လည်ရရှိ

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၈)အဖြစ်ကစားသည့် ဝက်စ်ဟမ်းအသင်းနှင့်   မန်ယူအသင်းတို့ပွဲစဉ်တွင် မန်ယူအသင်းသည်   အဝေးကွင်း၌ ၂ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်သည့်အတွက်      အသင်းသမိုင်းတစ်လျှောက် ၁၉၉၂ ခုနှစ်နောက်ပိုင်း လေးပွဲဆက်ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်မှတ်တမ်းဆိုးကို    ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်   ဝက်စ်ဟမ်းအသင်းက  ပွဲချိန် ၇၂ မိနစ်တွင် သွင်းယူသည့် ဘိုဝင်၏သွင်းဂိုးနှင့် ပွဲချိန် ၇၈  မိနစ်တွင်  သွင်းယူသည့် ကူဒက်တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိပြီးနောက် ၂၀၀၇ ခုနှစ်နောက်ပိုင်း မန်ယူအသင်းကို နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက      အတ္တလန္တာအသင်းမှ တိုက်စစ်မှူး ဟိုက်လန်းကို ခေါ်ယူအင်အားဖြည့်တင်းခဲ့သော်လည်း အသင်းတိုက်စစ်ပိုင်းအနေဖြင့် သွင်းဂိုး များရရှိရန် ခက်ခဲနေပြီး    နောက်ဆုံးကစားသည့် ဘုန်းမောက်စ်အသင်းနှင့်ပွဲစဉ်တွင်  ၃ ဂိုး- ဂိုးမရှိ၊ ဘိုင်ယန်မြူးနစ်အသင်းနှင့်ကစားသည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ၁ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး လီဗာပူး အသင်းနှင့်ပွဲစဉ်တွင် ဂိုးမရှိသရေ၊ ဝက်စ်ဟမ်းအသင်း နှင့်ပွဲစဉ်တွင်  ၂ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် လေးပွဲဆက်   နိုင်ပွဲပျောက်ဆုံးခဲ့သကဲ့သို့   အသင်းတိုက်စစ်ပိုင်းကလည်း တစ်ဂိုးမှသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။

မန်ယူအသင်းသမိုင်းတစ်လျှောက်     လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီး  အသင်းတိုက်စစ်ပိုင်းမှ ဂိုးမသွင်း နိုင်ခဲ့သည်မှာ   ၁၉၉၂   ခုနှစ်က   ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကိုင်တွယ်ခဲ့စဉ်ကဖြစ်ပြီး ယခုအခါ နည်းပြ တန်ဟတ် လက်အောက်တွင်လည်း   ပြိုင်ပွဲစုံလေးပွဲ ဆက်ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်     မှတ်တမ်းဆိုးကို  ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref;The Telegraph