ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် မတူညီသည့်ကလပ်အသင်းသုံးသင်းနှင့် ချန်ပီယံဆု ဆွတ်ခူးနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ကိုဗာဆစ်မှတ်တမ်းဝင်

 

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် မတူညီသည့်ကလပ်အသင်းသုံးသင်းနှင့် ချန်ပီယံဆု ဆွတ်ခူးနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ကိုဗာဆစ်မှတ်တမ်းဝင်

မန်စီးတီးအသင်းကွင်းလယ်ကစားသမား ကိုဗာဆစ်သည်  ယခုဘောလုံးရာသီတွင် မန်စီးတီးအသင်းနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌  ချန်ပီယံဆုဆွတ်ခူး နိုင်ပြီးနောက်  ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်း တစ်လျှောက် မတူညီသည့် ကလပ်အသင်းသုံးသင်းနှင့်  ချန်ပီယံဆုဆွတ်ခူးနိုင်သည့်  ပထမဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ကိုဗာဆစ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စပိန်ထိပ်သီးရီးယဲလ် မက်ဒရစ်အသင်းတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကစားခဲ့စဉ်က  ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ၂၀၁၆ ခုနှစ်တွင်  ပထမအကြိမ်၊  ၂၀၁၇ ခုနှစ်တွင် ဒုတိယအကြိမ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကိုဗာဆစ်သည် ၂၀၁၈ ခုနှစ်က ချယ်လ် ဆီးအသင်းသို့  ပြောင်းရွှေ့ကစားပြီးနောက်  ၂၀၂၁ ခုနှစ်တွင် ဖီဖာကလပ်ကမ္ဘာ့ဖလားကို တတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုဗာဆစ်သည် ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းမှ မန်စီးတီးအသင်းသို့   ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်   ပါဝင်ခွင့်ရရှိခဲ့ရာ စတုတ္ထအကြိမ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက်   မတူညီသည့်ကလပ်အသင်းသုံးသင်းနှင့်     ချန်ပီယံ ဆုဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးကစားသမားဖြစ်လာကြောင်း သိရသည်။

Ref;B/R Football