ဟဲဟိုးမြို့တွင် စစ်မှုထမ်းဆောင်မည့်သူများကို ထောက်ပံ့ရန်အတွက် ၃ လတစ်ကြိမ် အလှူငွေ ၁ သောင်းမှ ၃ သောင်းအထိ တောင်းခံဟု သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ဟဲဟိုးမြို့တွင် စစ်မှုထမ်းဆောင်မည့်သူများကို ထောက်ပံ့ရန်အတွက် ၃ လတစ်ကြိမ် အလှူငွေ ၁ သောင်းမှ ၃ သောင်းအထိ တောင်းခံဟု သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇွန် ၂၇

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ဇွန်လ ၂၅ ရက်နေ့က အစည်းအဝေးခေါ်ယူကာ စစ်မှုထမ်းမည့်သူများကို ထောက်ပံ့ရန်အတွက် ၃ လ တစ်ကြိမ်၊ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁ သောင်းမှ ၃ သောင်းကျပ်အထိ ပေးရ မည်ဟု ခြိမ်းခြောက်တောင်းယူနေကြောင်း  သတင်းတု၊ သတင်းအမှားများကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက  လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။

အထက်ပါသတင်းနှင့်ပတ်သက်၍ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ များ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကောလာဟလ သတင်းအမှားများ ကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှုနှင့် သိရှိနားလည်မှု မလွဲမှားစေရေးအတွက်  တာဝန်ရှိသူများမှ  ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ပြည်သူများသို့ အသိ ပညာပေး ချပြရှင်းလင်းခြင်းလုပ်ငန်းများ အခါအားလျော်စွာ ဆောင်ရွက်ပေးလျက် ရှိမှုအပေါ်  မဟုတ်မမှန်လုပ်ကြံရေးသားကာ ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။