ယူကရိန်းရဲ့ ကြွက်မနိုင် ကျီမီးနဲ့ရှို့သည့်လုပ်ရပ်ကို အမေရိကန်နှင့် အနောက်အုပ်စုတို့ နှုတ်ဆိတ်နေ

 

ယူကရိန်းရဲ့ ကြွက်မနိုင် ကျီမီးနဲ့ရှို့သည့်လုပ်ရပ်ကို အမေရိကန်နှင့် အနောက်အုပ်စုတို့ နှုတ်ဆိတ်နေ

 

အမေရိကန်ဆိုတာ ကမ္ဘာပေါ်မှာ တရားမျှတမှုကို အလိုလားဆုံးသော    တိုင်းပြည်တစ်ပြည်အဖြစ် ကမ္ဘာ့မီဒီယာတွေမှာ သူတို့ကိုယ်သူတို့ ပုံဖော်ခဲ့ကြသည်။ ယခုလိုပုံဖော်လာသည်မှာလည်း အချိန်တော်တော်ကြာပြီဖြစ်သည်။ သို့ပေမယ့် ၎င်းတို့၏ မီဒီယာထက်မှာပုံဖော်မှုနဲ့ မြေပြင်ထက်က လုပ်ရပ်က ဆင်သေကိုဆိတ်သားရေနဲ့ ဖုံးနေသလိုဖြစ်နေသည်။

၎င်းင်းအခြေအနေကို   စပြီးသတိထားမိသည်မှာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်တို့ ခြေရှုပ်စဉ်ကဖြစ်ပြီး ယင်းအချိန်တုန်းက ၎င်းတို့အပေါ် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်သည့်အတွက် အကြမ်းဖက်မှု ချေမှုန်းရေး လုပ်သည်ဟုဆိုကာ အများကယုံကြည်ခဲ့ကြသည်။ ယခုနောက်ပိုင်းတွင် အရင်လိုမဟုတ်တော့သည်မှာ မျက်ဝါးထင်ထင်ဖြစ်သည်။

အကြမ်းဖက်မှုချေမှုန်းရေးကို ခေါင်းစဉ်တပ်ပြီး အမေရိကန်ကိုယ်တိုင်   အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်နေခဲ့သည်ကို  အမေရိကန်မီဒီယာ မဟုတ်သည့်  အခြားမီဒီယာတွေမှာ ဖော်ပြမှသာ   သိရတာမျိုးဖြစ်သည်။  ယခုအခါ  အမေရိကန်တို့၏ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဆိုတဲ့ ရုပ်လုံးကြီးက ဘွင်းဘွင်းရှင်းရှင်းကြီးကို   ပေါ်လာပြီဖြစ်သည်။

ယူကရိန်းက အမေရိကန်တို့ ပေးထားသည့် လက်နက်ကို အသုံးပြုပြီး ရုရှားပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်လိုက်တဲ့အခါမှာ ထင်ထင်ရှားရှား ပေါ်လွင်သွားခဲ့သည်။ ၎င်းဖြစ်စဉ်ကို ပြန်ပြောင်း ပြောရမယ်ဆိုရင် ဇွန်လ ၂၃ ရက်တွင်   ယူကရိန်းဘက်က ရုရှားနိုင်ငံပိုင်နယ်မြေဖြစ်တဲ့ ဆီဗက်စတိုပိုမြို့ကို ဒုံးကျည်တွေနဲ့ ပစ်တဲ့ဖြစ်စဉ်ဖြစ်သည်။ စုစုပေါင်း ဒုံးကျည်ငါးလုံးပစ်ခတ်ခဲ့ပြီး      ၎င်းငါးလုံးထဲမှ တစ်လုံးသာ ကျရောက်ပေါက်ကွဲခဲ့ကာ ကျန်သည့်လေးလုံးမှာ ရုရှား၏လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက  ပစ်ချလိုက်နိုင်ခဲ့သည်ဟု  သိရသည်။ ယူကရိန်းတို့က   ပစ်လိုက်သည့် ဒုံးကျည်များသည် သမားရိုးကျထိပ်ဖူးတွေ    တပ်ထားတာမဟုတ်ဘဲ နိုင်ငံတကာမှာ အသုံးပြုဖို့ တားမြစ်ထားသည့် ပဒေသာခဲယမ်းတွေကို တပ်ဆင်ပြီး  ပစ်လိုက်ခြင်းဖြစ်သည်။ ဒီဖြစ်စဉ်ကိုကြည့်မည်ဆိုလျှင် ယူကရိန်းတို့၏ အကြင်နာမဲ့လုပ်ရပ်ကို  ပေါ်လွင်စေသည်။ အဘယ်ကြောင့်ဆိုရသော် ၎င်းတို့၏ ဒုံးကျည်ကျရာ ပစ်မှတ်နေရာသည် ပြည်သူတွေ လာရောက်အပန်းဖြေလေ့ရှိတဲ့ ကမ်းခြေဖြစ်နေတာကြောင့်ဖြစ်သည်။ အင်တာနက်မှာ မြင်တွေ့ရတဲ့ ဗီဒီယိုတစ်ခုမှာဆိုရင်လည်း ဒုံးကျည်ပေါက်ကွဲမှုကြောင့်   ကမ်းခြေမှာ  အပန်းဖြေနေတဲ့ ပြည်သူတွေ   ဝရုန်းသုန်းကားနဲ့ ထွက်ပြေးနေရတာကို ကမ္ဘာတစ်ဝန်းမြင်တွေ့ရမှာဖြစ်သည်။  အပြစ်မဲ့ပြည်သူတို့ရဲ့ စိတ်ထဲမှာ ဘယ်လောက်ထိတောင်မှ ကြောက်နေလိမ့်မယ်ဆိုတာကို တွေးတောင်မတွေးရက် နိုင်အောင်ပင်ဖြစ်သည်။  ၎င်းတို့အနီးဝန်းကျင်သို့ ဒုံးကျည်ထိပ်ဖူးရဲ့အပိုင်းအစတွေက လာကျနေကြတာကို တွေ့ရမည်ဖြစ်သည်။

ယူကရိန်းတို့၏  အကြမ်းဖက်တိုက်ခိုက်မှုတွင် အပြစ်မဲ့တဲ့ ကလေးငယ်     သုံးဦးအပါအဝင် အရပ်သားငါးဦး  သေဆုံးသွားခဲ့ပြီး  ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ရုရှားနိုင်ငံက ထုတ်ပြန်ထားသည်။  အခြားအချက်တစ်ခုက  ယူကရိန်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်သည့်အချိန် ရွေးချယ်မှုကိုကြည့်ရလျှင် အကြမ်းဖက်တိုက်ခိုက်မှု လုပ်သည့်ရက်က ခရစ်ယာန် ဘာသာဝင်များ အလေးအမြတ်ထားရာ ရက်တစ်ရက်ဖြစ်သည့်  ှငေညအ  ွှမငညငအပ ှကညိပေ ရက်ဖြစ်နေသည်ကို    တွေ့ရမည်။ ၎င်းနေ့လိုအချိန်အခါကိုမှ လူသွားလူလာများသည့် ကမ်းခြေလို နေရာမျိုးကိုရွေးပြီး ဒုံးကျည်တွေနဲ့ပစ်ခတ် တိုက်ခိုက်မှု လုပ်တယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် ယူကရိန်းတို့ရဲ့ ရက်စက်မှုက အထင်းသားပေါ်လွင်နေပြီး ယူကရိန်းတို့အနေဖြင့် ဘာသာရေးပြစ်မှု ကျူးလွန်ဖို့အတွက် ၎င်းင်းနေ့ကိုပင် တမင်တကာရွေးထားသည်ဟုတောင် ထင်ရသည်။ ထိုလုပ်ရပ်ကြောင့် ဆိုလျှင်တော့  ယူကရိန်းတို့အပေါ်မှာထားသည့် ရုရှားနိုင်ငံသားများ၏ အမုန်းနဲ့အငြိုးက   ပိုမိုကြီးသွားတော့မှာဖြစ်သည်။ ထိုအကြမ်းဖက် တိုက်ခိုက်မှုတွင်  သုံးသွားသည့်ဒုံးကျည်များသည်  ဘယ်ကနေရသည်ဟု   ထင်ပါသလဲ၊   အများသိသလိုထုံးစံအတိုင်း   အမေရိကန်ဆီက ရခြင်းပင်ဖြစ်သည်။ ဗွှဗဃြှ နည်းဗျူဟာမြောက် အမြင့်ပျံဒုံးကျည်တွေကို သုံးသွားသည်ကိုတွေ့ရသည်။ အမေရိကန်က ယူကရိန်းကို ၎င်းပုံစံမျိုး ဒုံးကျည်တွေထောက်ပံ့ပေးရုံသာမကဘဲ စစ်ရေးနည်းပညာအကူအညီ တော်တော်များများလည်း ပေးထားသေးသည်ကို တွေ့ရသည်။ အဓိကကူညီပေးမှုတွေထဲမှာ ပစ်ခတ်မှုစီမံချက်တွေချမှတ်ခြင်း၊ ဂြိုဟ်တုကနေ  ကင်းထောက်ပေးခြင်း၊ ရုရှားနယ်မြေအတွင်းမှာရှိတဲ့ ပစ်မှတ်များ၏ မြေပုံညွှန်း တွေကို ယူကရိန်းဆီပေးခြင်း၊ ဒုံးကျည်ပျံသန်းမှုလမ်းကြောင်းများကို တိုက်ရိုက်ကွပ်ကဲပေးခြင်းမျိုးတွေ ပါဝင်နေသည်ကိုတွေ့ရသည်။ ယခင်တုန်းကတော့ အမေရိကန်နဲ့ အနောက်အုပ်စုက သူတို့ထောက်ပံ့ပေးထားသည့်လက်နက်များကို ရုရှားနဲ့အပြန်အလှန်တိုက်ခိုက်မှု အတွင်းမှာပဲ အသုံးပြုခွင့်ပေးထားပြီး အထူးသဖြင့် စစ်မြေပြင်နေရာမှာပဲ  အသုံးပြုပါဆိုပြီး ပြောထားခြင်းဖြစ်သည်။  ယခုကျတော့  အမေရိကန်ဘက်က စစ်ဘောင်ကိုပိုချဲ့လိုက်တဲ့ အနေအထားတွေ့မြင်ရပြီး ၎င်းတို့ပေးထားသည့် လက်နက်များဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်နိုင်သည်ဆိုပြီး ခွင့်ပြုလိုက်ခြင်းသည်   တော်ရုံတန်ရုံ အတွေးအခေါ်နဲ့တော့ ဆောင်ရွက်ခြင်းမဖြစ်နိုင်သည်ကို      တွေ့မြင်ရသည်။

ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာကို သူတို့အနေနဲ့ ကြိုတွေးပြီးသားဖြစ်ပြီး ယခုလိုမျိုးခွင့်ပြုလိုက်ခြင်းက ဒီလိုအခြေအနေကိုလိုချင်လို့ ဒီလိုလုပ်ခွင့်ပေးလိုက်တာဖြစ်သည်။ စစ်မြေပြင်လိုနေရာ မဟုတ်ဘဲ ရုရှားနယ်မြေအတွင်းပိုင်းထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်မည်ဆိုလျှင် အရပ်သားတွေ    သေကျေပျက်စီးမယ်ဆိုတာကို အမေရိကန်က ကောင်းကောင်းသိပြီး  ဒီလိုမျိုးသိသိလျက်နဲ့  သူတို့ရဲ့လက်နက်တွေကို ရုရှားနယ်မြေထဲအထိ တိုက်ခိုက်ဖို့ အသုံးပြုခွင့်ပေးလိုက်သည်ဆိုကတည်းက   အမေရိကန်ဆိုတာ   အကြမ်းဖက်တိုက်ခိုက်မှုကို အားပေးအားမြှောက်ပြုရာ ရောက်နေခြင်းဖြစ်သည်။ ယူကရိန်းတို့ကလည်း ဘာကြောင့်ယခုလိုမျိုးတိုက်ခိုက်ရသလဲဆိုလျှင်   “ကြွက်မနိုင် ကျီမီးနဲ့ရှို့” ဆိုတဲ့စကားပုံကဲ့သို့  စစ်မြေပြင်တွင် ရုရှားကို မည်သည့်နေရာမှ မနိုင်သည့်အခါ ငြိမ်းချမ်းစွာနေနေတဲ့  ရုရှားပြည်သူတွေကို  ပစ်မှတ်ထားပြီး တိုက်ခိုက်လာခြင်းဖြစ်သည်။ ဆီဗက်စတိုပို တိုက်ခိုက်မှုကို ပြန်ကြည့်မယ်ဆိုရင် အကြမ်းဖက် တိုက်ခိုက်မှုကို လုပ်တာက ယူကရိန်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဖို့အတွက်   ထောက်ပံ့ပေးတာက အနောက်အုပ်စုဖြစ်သည်။   အထူးသဖြင့်   အမေရိကန်က ဦးဆောင်ပေးခြင်းဖြစ်သည်။    တကယ်တော့ အမေရိကန်ဟာ ယူကရိန်းအနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်နိုင်အောင် သွေးထိုးမြှောက်ပင့်ပေးနေရုံသာမကဘဲ တခြားနိုင်ငံငယ်လေးတွေမှာလည်း အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့မှု ပေးနေသည်ကို တွေ့ရှိရသည်။     လက်တွေ့စဉ်းစားကြည့်လျှင် အရှေ့အလယ်ပိုင်းမှာ  နေရပ်စွန့်ခွာရသူတွေများ လာတယ်ဆိုတာကလည်း အမေရိကန်၏ အကြမ်းဖက်အားပေး ထောက်ပံ့မှုများကြောင့်ပင်ဖြစ်သည်။

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ တရားမျှတမှုကို အလိုလားဆုံးသော    တိုင်းပြည်တစ်ပြည်အဖြစ် ကမ္ဘာ့မီဒီယာအထက်မှာ ပုံဖော်နေကြောင်း အစောပိုင်းတုန်းက ကျွန်တော်တို့မြင်ခဲ့ရပြီး နောက်ဆုံးတွင် မည်သို့မျှဟန်ဆောင်၍ မရသည့်အဆုံး    အမေရိကန်တို့၏ ဟန်ဆောင်မျက်နှာဖုံးကြီး ကွာကျသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုကို   အားပေးသောနိုင်ငံအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ အမေရိကန်အစိုးရအနေဖြင့်  ယခုလိုမျိုးလုပ်လိုက်လို့  ဘယ်လိုရလဒ် ထွက်လာစေမလဲဆိုလျှင် ကမ္ဘာ့စာမျက်နှာထက်မှာ အင်မတန်မှ ရွံစရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံအနေဖြင့်သာ ထွက်ပေါ်လာတော့မည်ဖြစ်သည်။  ယခုလို အခြေအနေမျိုးကို ဆိုက်ရောက်စေတဲ့ ဂျိုးဘိုင်ဒင်အစိုးရရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အမေရိကန်ပြည်သူတွေက နှစ်သက်သဘောကျမည် မဟုတ်သည့်အတွက်ကြောင့်     လာမည့်ရွေးကောက်ပွဲတွင်   ဂျိုးဘိုင်ဒင်အနေဖြင့် ဝင်မပြိုင်ခြင်းက ပိုပြီးသိက္ခာရှိလိမ့်မည်ဖြစ်သည်။

ကျွန်တော့်ဆောင်းပါးကို ပြန်ကောက်ရမည်ဆိုလျှင် အခုဆီဗက်စတိုပိုဖြစ်စဉ်မှာ  သေဆုံးသွားရတဲ့ ရုရှားပြည်သူတွေအတွက် ဝမ်းနည်းပါတယ်ဆိုတဲ့ စကားတစ်ခွန်းတောင် အမေရိကန်ဘက်က ထွက်မလာရုံတင်မက အနောက်အုပ်စု တစ်ခုလုံးကပါ တစ်ခွန်းတစ်ပါဒမှ ထွက်မလာသည်ကိုတွေ့ရသည်။ ယူကရိန်းတို့၏ လုပ်ရပ်ကလည်း တစ်နည်းပြောရမယ် ဆိုရင် သူရဲဘောကြောင်ခြင်းဖြစ်ပြီး သူတို့ပစ်လိုက်သည့် ဒုံးကျည်တွေက   စစ်ရေးပစ်မှတ် တစ်ခုခုကို ထိမှန်ခဲ့မည်ဆိုလျှင်တောင် ကြားကောင်းသေးသည်။ ယခုတော့   ကမ်းခြေမှာငြိမ်းချမ်းစွာ နေနေကြတဲ့ ပြည်သူတွေအပေါ်ကိုမှ ဒုံးကျည်ကျရောက်လာသည့် အတွက် ရုရှားကလည်း ဒီအခြေအနေကို ဒီအတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်တာတော့  သေချာသည်။ တစ်နည်းနည်းဖြင့် လက်စားပြန်ချေမှုတော့ရှိလာမည်ဖြစ်ပြီး     ၎င်းငလက်စားချေမှုကလည်း စစ်မြေပြင်မှာသာ ဖြစ်လိမ့်မည်ဟု   မုချယုံကြည်ပါကြောင်း ရေးသားလိုက်ပါသည်။   ။