အဆုတ်ထဲရေဝင်ခြင်းနှင့် အကြောင်းရင်းလက္ခဏာများ

 

အဆုတ်ထဲရေဝင်ခြင်းနှင့် အကြောင်းရင်းလက္ခဏာများ

 

အဆုတ်ထဲရေဝင်တယ်ဆိုတာ တကယ်တော့ အဆုတ်ကိုဖုံးထားတဲ့ အတွင်းမြှေးနဲ့ အပြင်မြှေးကြားထဲကို   ရေဝင်တာဖြစ်ပါတယ်။ အဆုတ်ထဲကို ရေဝင်တာ၊ ပြည်ဝင် တာ၊ သွေးဝင်တာဖြစ်နိုင်သလို လေဝင်တာ လည်းဖြစ်နိုင်ပါတယ်။

အဆုတ်ထဲရေဝင်တာဆိုရင် အကြောင်းရင်းနှစ်ချက်ရှိပါတယ်။   သွေးထဲမှာရှိတဲ့ ရေဖိအားများတာနဲ့     သွေးထဲမှာရှိတဲ့ အမိုင်နိုအက်စစ်နဲ့ ပရိုတင်းတွေရဲ့ရေဆွဲ အားနည်းသွားရင် အဆုတ်ထဲ ရေဝင်နိုင်ပါတယ်။ ဒါ့ပြင် တခြားရောဂါတစ်ခုခုကြောင့် အဆုတ်ထဲရေဝင်နိုင်သလို အဆုတ်ထဲမှာ ရောဂါတစ်ခုခုရှိတာကြောင့်လည်း ဖြစ်နိုင် ပါတယ်။  ရောဂါအနေနဲ့သတ်မှတ်ရရင် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်း ရောဂါ၊ အဆုတ်ရောဂါတွေကြောင့် အဆုတ် ထဲရေဝင်နိုင်ပါတယ်။  ရေဖိအားနဲ့  ရေဆွဲအားမညီမျှလို့  အဆုတ်ထဲရေဝင်တာ ဆိုရင်တော့  အဲဒီအပေါ်မှာ  ထပ်ပြီးခွဲခြား လို့ရပါတယ်။

အဆုတ်ကြောင့်မဟုတ်ဘဲ    တခြားရောဂါတွေကြောင့်လည်း အဆုတ်ထဲရေဝင်နိုင်ပါတယ်။   နှလုံးနဲ့ ပတ်သက်ရင်  နှလုံးရောဂါဖြစ်တဲ့အခါ  နှလုံးကလုပ်ဆောင်ရမယ့်အလုပ်ကို   ကောင်းကောင်း မလုပ်နိုင်တဲ့အတွက်    သွေးတွေနောက်ပြန်ကန်ပြီး အဆုတ်ထဲ ရေဝင်နိုင်ပါတယ်။    အဆုတ်နှစ်ဖက်စလုံးမှာ ဖြစ်နိုင်ပါတယ်။  အသည်းခြောက်ရင်လည်း ပရိုတင်းဓာတ်နည်းပြီး ရေဆွဲအားနည်း သွားတာကြောင့် ရေဖျဉ်းစွဲတာ၊ အဆုတ်ထဲရေဝင်တာ၊ တစ်ကိုယ်လုံးဖောရောင်တာတွေဖြစ်နိုင်ပါတယ်။ ကျောက်ကပ် မကောင်းရင်လည်း ရေဆွဲတဲ့ပရိုတင်းဓာတ်တွေ နည်းသွားပြီး    ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ မကောင်းတဲ့အခါ မျက်နှာတွေဖောလာမယ်၊    အဆုတ်ထဲရေဝင်ပြီး တစ်ကိုယ်လုံးဖောရောင်လာမယ်။  အသားဓာတ်လုံးဝမစားဘဲ သက်သတ်လွတ် စားသူတွေမှာ    အသားဓာတ်နည်းတာ ကြောင့်   အဆုတ်ထဲ ရေဝင်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ     တွေ့ရတတ်တဲ့တွယ်ဆက်တစ်သျှူးတွေ      မကောင်းတဲ့ ရောဂါ၊  နှလုံးကြွက်သားသွေးမလျှောက်တဲ့နှလုံးရောဂါ၊   သိုင်းရွိုက်ဂလင်းပုံမှန် အလုပ်မလုပ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အဆုတ်ထဲရေဝင်နိုင်တဲ့ အဆုတ်ရောဂါတွေမှာ  အဆုတ်တီဘီရောဂါ၊  အဆုတ် ကင်ဆာနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါ တို့ဖြစ်တယ်။

အဆုတ်ထဲရေဝင်ရင်     ခံစားရတဲ့ လက္ခဏာတွေက အသက်ရှူလိုက်တဲ့အခါ အောင့်ပြီးနာလာတယ်၊   ရောဂါဖြစ်တဲ့ အဆုတ်ဘက်ခြမ်းကနာလာတယ်၊ အောင့်လာတယ်ဆိုရင် အဆုတ်ထဲ ရေဝင်တာရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ပါတယ်။ အဆုတ်ထဲရေမဝင်ခင် အဆုတ်မြှေးရောင်ပြီဆိုရင်လည်း အသက်ရှူရင် အဲဒီဘက်တစ်ခြမ်းက အရမ်းနာလာတယ်။ အဲဒီလိုခံစားရတဲ့အခါ ဆရာဝန်နဲ့ ကြိုတင်ကုသထားမယ်ဆိုရင်   အဆုတ်ထဲ ရေဝင်တဲ့အဆင့်ထိ မရောက်နိုင်ပါဘူး။    တချို့လူနာတွေကတော့ အဆုတ်ထဲရေဝင်ပြီး အဆုတ်တစ်

ခြမ်းလုံးဖြူဖွေးနေတဲ့ အခြေအနေရောက်မှ   ဆရာဝန်ဆီ ရောက်လာတာမျိုးရှိပါတယ်။

အဆုတ်ရောဂါကြောင့်    အဆုတ်ထဲရေဝင်တဲ့အခါ   ရောဂါလက္ခဏာတွေက အသက်ရှူတာနဲ့   ဆက်နွှယ် နေပါတယ်။ အသက်ရှူတဲ့ အချိန်မှာနာတယ်။ အဆုတ် ထဲကိုလေပြည့်အောင်  အသက်တဝကြီး ရှူလိုက်တဲ့အချိန်မှာ အနာဆုံးပါပဲ။ လူနာ ကိုမေးလိုက်လို့  အသက်ရှူတဲ့အချိန်မှာ နာတယ်ဆိုရင်တော့ အဆုတ်ထဲရေဝင်တာ ကို အဓိကထားစဉ်းစားရမယ်။ ခန္ဓာကိုယ်ရဲ့ရင်ခေါင်းပိုင်းမှာက    အဆုတ်၊    နှလုံး၊ အစာအိမ်၊ အစာမျိုပြွန်၊ နံရိုး၊ နံရိုးကြားမှာ ရှိတဲ့ကြွက်သားတွေရှိတယ်။   ဒါကြောင့်နာတာက တခြားအင်္ဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နာပုံနာနည်းကတော့  နည်းနည်းကွာ ပါတယ်။  အဆုတ်နဲ့ပတ်သက်ရင်  နာတာ က    အသက်ရှူတဲ့ အချိန်မှာ နာပါတယ်။

လေကိုအပြည့်အဝရှူလိုက်တဲ့အချိန်မှာ အနာဆုံးပဲဖြစ်ပါတယ်။

အဆုတ်ထဲရေဝင်တာနဲ့ နောက်ဆက်တွဲတွေက အဆုတ်အမြှေးထဲမှာ ရေသိပ်များ နေရင်    အဆုတ်ကို ဖိထားတာကြောင့် အဆုတ်ကဝပ်သွားပါတယ်။ အဲဒီလိုဝပ်သွား တဲ့အခါ အလွန်ဆုံးနှစ်ပတ်၊ သုံးပတ်အတွင်း မူလအခြေအနေကို ပြန်မရောက်ဘူးဆိုရင် အဆုတ်က သူ့ရဲ့လုပ်ငန်းဆောင်တာဖြစ်တဲ့ အောက်ဆီဂျင်ကို ရှူသွင်းပြီး  ကာဗွန်ဒိုင် အောက်ဆိုက်ရှူထုတ်တဲ့ လုပ်ငန်းကို   ဝပ်သွားတဲ့ အဆုတ်ဘက်က မလုပ်နိုင်တော့ ပါဘူး။ အဆုတ်ထဲရေဝင်တယ်ဆိုရင်တော့ နှစ်ပတ်၊ သုံးပတ်အတွင်းမှာ အဆုတ်ကို မူလအတိုင်း ပြန်ရောက်နိုင်အောင် ကြိုးစား ရမှာဖြစ်ပါတယ်။

အဆုတ်ထဲ ရေဝင်တယ်ဆိုတာ အဆုတ်နဲ့ ရင်ခေါင်းထဲမှာ အရည်တွေစုလာတာ ဖြစ်ပါတယ်။ အဆုတ်ကို ရင်ခေါင်းထဲမှာ ချောမွေ့စွာလှုပ်ရှားနိုင်စေဖို့ အဆုတ်ထဲမှာ အရည်နည်းနည်းရှိတာက   ပုံမှန်ဖြစ်ပါ တယ်။ အရည်တွေ အများကြီးစုပုံလာရင်တော့ အဆုတ်အပေါ် ဖိအားသက်ရောက်ပြီး အသက်ရှူရခက်ခဲနိုင်ပါတယ်။ အဆုတ် ရောင်တာကအဖြစ်များပါတယ်။  အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။   အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေ သီးခြားရှိပါတယ်။

အဆုတ်ထဲရေဝင်တဲ့အခါ  အများဆုံး ဖြစ်တဲ့ရောဂါလက္ခဏာတွေက   ချောင်းခြောက်ဆိုးတာ၊ ဖျားတာ၊ လှဲအိပ်နေစဉ် အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာတို့ဖြစ်ပါတယ်။ ကိုယ့်ဆီမှာ အဆုတ်ရေဝင်တဲ့လက္ခဏာ  တစ်ခုခုရှိနေပြီဆိုရင်  ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အဆုတ်မှာ ရောဂါပိုးဝင်တာ၊ ထိခိုက်မိတာကြောင့် အဆုတ်ထဲရေဝင်နိုင်ပါတယ်။အဆုတ်ရောဂါပိုးဝင်ခြင်း  အဆုတ်တီဘီ၊ အဆုတ်ကင်ဆာတို့မှာ အဆုတ်နဲ့အဆုတ် ဖုံးမြှေးကို ရောင်ရမ်းစေတယ်။ နှလုံးအမော ဖောက်တာ၊ အသည်းခြောက်တာ၊ အသည်း မကောင်းတာ၊ အဆုတ်သွေးလွှတ်ကြော ပိတ်တာ၊ ခန္ဓာကိုယ်တွင်းအရည်ထိန်းသိမ်း မှုကိုထိခိုက်စေတဲ့ ကျောက်ကပ်ရောဂါတွေ၊ အရေပြားလေးဖက်နာနဲ့  တခြားခုခံအား စနစ်ဖောက်ပြန်တဲ့ရောဂါတွေ  ဖြစ်တတ် ပါတယ်။  အထက်ဖော်ပြပါရောဂါရှိတာ၊ခန္ဓာကိုယ်တွင်း    အရည်ထိန်းသိမ်းမှုကို ထိခိုက်စေတဲ့ဆေးဝါးနဲ့  ကင်ဆာရောဂါ ကုသမှုခံယူနေရတာတွေမှာ အတွေ့ရများ ပါတယ်။

ရောဂါအခြေအနေကိုကြည့်ပြီး ကုသမှု ခံယူသင့်ပါတယ်။    ရင်ဘတ်ဓာတ်မှန် (ဃဌျွ) ရိုက်လိုက်ရုံနဲ့ အဆုတ်ထဲ ရေဝင်တဲ့အခြေအနေကို သိနိုင်ပါတယ်။ ကုသမှုမှာ ရောဂါရဲ့အကြောင်းရင်းခံကို ကုသတာ နဲ့ လူနာကိုဝေဒနာသက်သာအောင် ကူညီတာတို့ ပါဝင်ပါတယ်။ ကုသရာမှာ ရောဂါရဲ့ အကြောင်းရင်းပေါ်မူတည်ပြီး  ကွဲပြားပါ တယ်။   ရောဂါပိုး(တီဘီ)ကြောင့်ဖြစ်ရင် ပဋိဇီဝဆေးသုံးပြီး    အရည်ပမာဏကို တဖြည်းဖြည်း လျှော့ချဖို့    ဆီးဆေးတွေသုံးနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်    ရောဂါဖြစ် လာပြီဆိုရင် အချိန်မီကုသဖို့လိုပါတယ်။ ရောဂါမဖြစ်အောင်လည်း  ကျန်းမာရေး နဲ့ညီညွတ်စွာ နေထိုင်စားသောက်ကြရင်း လူသားအားလုံး     ရောဂါကင်းဝေးပါစေကြောင်း   ရေးသား တင်ပြလိုက်ရပါတယ်။    ။ 

ဒေါက်တာလွင်သန့်