နိုင်ငံပေါင်းခုနစ်နိုင်ငံ အသိအမှတ်ပြု ITPEC စာမေးပွဲ အောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ပွဲ ကျင်းပ

 

နိုင်ငံပေါင်းခုနစ်နိုင်ငံ အသိအမှတ်ပြု ITPEC စာမေးပွဲ အောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ပွဲ ကျင်းပ

 

ရန်ကုန်  ဇန်နဝါရီ  ၆

    မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် နိုင်ငံပေါင်း ခုနစ်နိုင်ငံအသိအမှတ်ပြု ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပရာ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမင်းဇေယျာလှိုင်၊ ဦးထွန်းခိုင်နှင့် အသင်းဝင်များ၊ ဆုရ  IT ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ   ခုနစ်နိုင်ငံ အသိအမှတ်ပြု  ITPEC Exam ဗီဒီယိုမှတ်တမ်းကိုပြသပြီး မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ  ဦးမင်းဇေယျာလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်က ကျေးဇူး တင်စကားပြောကြားပြီး  ၂၀၂၃   ခုနှစ် အောက်တိုဘာလတွင်  ကျင်းပစစ်ဆေးခဲ့သည့် IP  Exam တွင် ထိုင်း၊ ဗီယက်နမ်၊  မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ စသည့် ခုနစ်နိုင်ငံ၌အမှတ်အများဆုံးရရှိသူ ခြောက်ဦးအား မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က  ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် တာဝန်ရှိသူများ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့်  FE  Exam တွင်မြန်မာနိုင်ငံ၌ အမှတ်အများဆုံးရရှိသူ Exce-llence  Award  ဆုရရှိသူ လေးဦးအား ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်း၊ ၂၀၂၃ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် IP Exam တွင် မြန်မာနိုင်ငံ၌ အမှတ်အများဆုံးရရှိသူ Excellence Awardဆုရရှိသူ ခြောက်ဦးအား  ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်း၊၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် ITPEC Exam  တွင်ဝင်ရောက်ဖြေဆိုသူ အများဆုံးဆု (Highest EnrollmentAward)  ရရှိသူများအား ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်း၊၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် ITPEC Exam တွင် ဝင်ရောက်ဖြေဆိုသူ ၄၀ ဦးနှင့်အထက်အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံးဆု(Highest Pass  Rate  Award ရရှိသူများအားဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ITPEC စာမေးပွဲအောင်လက်မှတ်ရ IT  ပညာရှင်များအနေဖြင့် ထိုင်း၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊  ဖိလစ်ပိုင်၊  ဂျပန်၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင်    လွယ်ကူစွာ လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်အနေဖြင့် ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။