အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များသို့ အသိပေး ကြေညာချက်

 

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များသို့ အသိပေး ကြေညာချက်

 

၁။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၂၀ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီး ပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီးဖြစ်ပါသည်။ အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးငွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂။       MSME ချေးငွေများ ထုတ်ချေးရာတွင် အောက်ဖော်ပြပါ လုပ်ငန်းများအား ဦးစားပေးအနေဖြင့် ထုတ်ချေးမည်ဖြစ်ပါသည်-

          (က)   တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ၊

          (ခ)     နိုင်ငံ၏ပို့ကုန်ဝင်ငွေတိုးတက်စေသည့်လုပ်ငန်းများ၊     

          (ဂ)     ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ ထုတ်လုပ်သောလုပ်ငန်းများ၊

          (ဃ)   သွင်းကုန်အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊

          (င)     ပြည်သူများ၏ အလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်သည့် လုပ်ငန်းများ၊

          (စ)     စွမ်းအင်ချွေတာရေးလုပ်ငန်းများ၊

          (ဆ)   လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများအား ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်အန္တရာယ် ကျရောက်မှုမှ ကင်းဝေးရန် ဆောင်ရွက်မည့်လုပ်ငန်းများ၊

          (ဇ)     ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်နိုင်သည့် လုပ်ငန်းများ၊

၃။      MSME ချေးငွေစည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

၄။      MSME ချေးငွေလျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည် ဖြစ်ပါသည်-

          (က)   စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနက ထုတ်ပေးသော SME Member Card (သို့မဟုတ်) ယာယီမှတ်ပုံတင် လက်မှတ်ရရှိပြီးသူ ဖြစ်ရမည်။

          (ခ)     သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ သက်တမ်းရှိ လုပ်ငန်းလုပ်ကိုင်ခွင့်

လိုင်စင်ပြသနိုင်သူဖြစ်ရမည်။

          (ဂ)     ကုမ္ပဏီဖြစ်ပါက  မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (The  Myanmar Companies Law)  အရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်။

          (ဃ)   ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော စီးပွားရေး အခြေအနေ ရှိရမည်။

          (င)     ဤချေးငွေကိုမရယူမီ  မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ငွေရေးကြေးရေး အဖွဲ့အစည်းများတွင် ချေးငွေရယူထားပါက ချေးငွေပြေကျေပြီးသူ ဖြစ်ရမည်။

          (စ)     ချေးငွေအတွက် ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ လုံလောက်သော အာမခံပေးအပ်ရမည်။

          (ဆ)   သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် MSME Agency များမှ လုပ်ငန်းအမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နေကြောင်း ထောက်ခံချက် တင်ပြနိုင်ရမည်။

၅။      အသေးစား၊  အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးသော ချေးငွေကိုရယူလိုသူ  MSME လုပ်ငန်းရှင်များ အနေဖြင့် ပြည်ထောင်စုနယ်မြေ/တိုင်းဒေသကြီး/ပြည်နယ်/ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဂျင်စီရုံးခွဲများမှတစ်ဆင့် ချေးငွေများ စတင်လျှောက်ထားနိုင်ပါသည်။

ချေးငွေလျှောက်ထားသူ  MSME လုပ်ငန်းရှင်များအား  မြန်မာ့စီးပွားရေးဘဏ်မှ  စတင်ထုတ်ချေးမည်ဖြစ်ပြီး နောင်တွင် အခြားပုဂ္ဂလိက ဘဏ်များကပါ ပါဝင်ထုတ်ချေးနိုင်ရန်   ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။

၆။      သို့ဖြစ်ပါ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် နီးစပ်ရာ  MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း   အသိပေး ကြေညာအပ်ပါသည်။

 

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့