တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီ ပွဲတော်ပြုလုပ်

 

တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီ ပွဲတော်ပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၀ ရက်

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ အခြေခံပညာ အလယ်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင် နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုး ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

     ဦးစွာ ကျောင်းသား၊ ကျောင်းသူများက ‘‘ ကမ္ဘာ့အဆင့်မီပညာရည် ” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ကျောင်းရန်ပုံငွေအတွက် အလှူငွေ များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူသည်။ ယင်းနောက် ထူးချွန်ဆုရရှိအောင် သင်ကြားပြသပေးခဲ့သည့် ဆရာ၊ ဆရာမ များနှင့် ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။