MNDAA ၊ TNLA ၊ AA စသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ ဘာသာတရားအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက် 

MNDAA ၊ TNLA ၊ AA စသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ ဘာသာတရားအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက် 

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၀ ရက်
    
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာ ချမ်းသာ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ကျော် ကမ္ဘာမှာလူဦးရေ သန်းငါးရာကျော်ရှိတဲ့ ဗုဒ္ဓဘာသာကိုရိုင်းစိုင်း စော်ကားဖျက်ဆီးတဲ့ အကြမ်းဖက်သောင်းကျန်းသူများလုပ်ရပ်အကြောင်းကို ကမ္ဘာသူ ကမ္ဘာသားများအားလုံးသိစေဖို့အတွက် တိုင်တည်အသိပေးလိုပါတယ်။ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ဘာသာရေးခေါင်းဆောင်များအားလုံးခင်ဗျာ MNDAA ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူများဟာ ကျွန်တော်တို့မြန်မာနိုင်ငံ မှာဘဲ နေထိုင်ပါတယ်။ မြန်မာ့ရေကိုသောက်ပါတယ်။ မြန်မာနိုင်ငံကိုဘဲမှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ၊ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဘုရား စေတီတော်ကို အခုလိုမိုက်ရိုင်းစော်ကားဖျက်ဆီးခဲ့ပါတယ်။ 
    MNDAA ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူများဟာ သူတို့ဝင်ရောက် သောင်းကျန်းဖျက်ဆီးနေတဲ့ မြန်မာနိုင်ငံရှမ်းပြည်နယ်(မြောက်ပိုင်း)လောက်ကိုင် မြို့နယ် ဆီအောကျေးရွာရဲ့မြောက်ဘက်မှာရှိတဲ့ ဆင်ဦးကင်းကုန်း (ပွိုင့်-၂၂၀၂) တောင်ပေါ်မှာရှိတဲ့ ဒေသခံပြည်သူများနဲ့ ဗုဒ္ဓဘာသာဝင်တွေအထွတ် အမြတ်ထား တဲ့စေတီတစ်ဆူကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က မိုက်ရိုင်းစော်ကား ဖျက်ဆီးနေတာဘဲဖြစ်ပါတယ်။ ဒီဘုရားစေတီဆိုတာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင် ဂိုဏ်းက ဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမနဲ့အညီ ဗုဒ္ဓမြတ်စွာဘုရား၏ကိုယ်စား ကိုးကွယ်မှုပြုတဲ့ ဥဒ္ဒိဿစေတီတော်ဖြစ်ပါတယ်။ ဒီလိုရိုင်းစိုင်းယုတ်မာတဲ့ဖြစ်ရပ် ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်မကောင်းဖြစ်ရပါတယ်။ ဝမ်းနည်းကြေကွဲရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုသာ မက ထိုင်းနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံး လာအိုနိုင်ငံ ၊ ကမ္ဘောဒီယားနိုင်ငံ သီရိလင်္ကာနိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊ တရုတ်နိုင်ငံ စတဲ့ နိုင်ငံတွေနဲ့ ဒီအဖြစ်အပျက် ဖြစ်ပွားရာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ နီးစပ်တဲ့ တိဘက်ဒေသ ၊ ယူနန်ဒေသစ တဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်များအားလုံးကို စော်ကားလိုက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အလားတူ ရှမ်းပြည်နယ်၊မူဆယ်မြို့အဝင် ရပ်တော်မူဘုရားကျောင်း ဘုန်းကြီးကျောင်းကိုလဲ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က မောင်းသူမဲ့လေ ယာဉ် Drone များကို အသုံးပြုပြီး ဗုံးကျဲချခဲ့ပါတယ်။ ဒါတွေဟာ MNDAA ၊ TNLA ၊ AA စတဲ့အကြမ်းဖက်သောင်းကျန်းသူ ၃ ဖွဲ့ရဲ့ဘာသာတရားအပေါ် အကြမ်းဖက် မှုများဖြစ်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ၊ ဘာသာရေး ခေါင်းဆောင်များ အားလုံး ခင်ဗျာ။ ကျွန်တော်တို့မြန်မာနိုင်ငံမာ ကမ္ဘာ့ကိုးကွယ်ရာဘာသာဖြစ်တဲ့ အစ္စလမ်ဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ အိန္ဒူဘာသာ ၊ ဗုဒ္ဓဘာသာ စတဲ့ဘာသာ ကြီး ၄ မျိုးအပြင် အခြားကိုးကွယ်ရာဘာသာများကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ နိုင်ငံတော်အကြီးအကဲများ အနေနဲ့လည်း ကိုးကွယ်ရာဘာသာအလိုက် အားပေးမူတွေ ချီးမြှောက်မှုတွေ ၊ ထောက်ပံ့မှုတွေကို စဉ်ဆက်မပျက်ပြုလုပ်လျက်ရှိပါတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံး ၊ ဘာသာရေး ခေါင်းဆောင်များ အားလုံး ခင်ဗျာ။ ကျွန်တော်တို့အားလုံး ရဲ့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအားလုံးရဲ့ အခြေခံအဆုံးအမဟာ လူသားတစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြဖို့ ကျင်နာကြဖို့ မေတ္တာတရားထားကြဖို့ လေးစားတန်ဖိုးထားကြဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ဆန့်ကျင်နေတဲ့ အကြမ်းဖက် သောင်းကျန်းသူများရဲ့ ယုတ်မာတဲ့ လုပ်ရပ်ကို ကမ္ဘာသူ ကမ္ဘာသားအားလုံး သိ မြင်ကြစေချင်ပါတယ်။ ဝိုင်းဝန်ထိန်းသိမ်းကြစေချင်ပါတယ်။ သိမြင်ကြစေဖို့ ဝိုင်း ဝန်ထိန်းသိမ်းနိုင်ကြစေဖို့ တင်ပြလိုက်ရပါတယ် ခင်ဗျာ။ ကမ္ဘာသူ ကမ္ဘာသား အားလုံး ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာကြပါစေ ခင်ဗျာ။