၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ကျင်းပရေး စီစဉ် ဆောင်ရွက်နေမှုကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် လှည့်လည်ကြည့်ရှု

 

၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ကျင်းပရေး စီစဉ် ဆောင်ရွက်နေမှုကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် လှည့်လည်ကြည့်ရှု

 

ရန်ကုန်  ဇန်နဝါရီ  ၁၁

    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဇန်နဝါရီ လ ၁၄ ရက်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ကျင်းပရေး စီစဉ်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က အခမ်းအနား အစီအစဉ်များနှင့် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပညာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့၏ပံ့ပိုးမှုဖြင့် ကျင်းပမည့် ပညာရေး စုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး၊ ပညာပေးပြခန်းများကို ပြည့်စုံစွာခင်းကျင်းပြသ ရှင်းလင်းနိုင်ရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ခရိုင်/ မြို့နယ်အလိုက် ပြသမည့် ပညာရေးပြခန်းများ၊ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်း ပြခန်းများ၊ စာအုပ်အရောင်းပြခန်းများ ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ် သည်များကို မှာကြားသည်။

ပညာရေးစုံညီပွဲတော်တွင် ခရိုင်/မြို့နယ်အလိုက် ပညာရေးပြခန်းများ ခင်းကျင်းပြသမည် ဖြစ်ရာ  ပန်းဆယ်မျိုးနှင့်  ကျောင်းကျန်းမာရေးပြခန်း၊ မူးယစ်ဆေးဝါး အသိပညာပေးပြခန်း၊ ICT Project ပြခန်း၊ ပန်းချီ၊ ပန်းပုပြခန်း၊ အိမ်တွင်းမှု လက်မှုပညာပြခန်း၊ ဘာသာရပ်ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများပြခန်း၊ စက်မှုအထူးပြုပြခန်း၊ မွေးမြူရေး အထူးပြုပြခန်း၊ ကျောင်းကျန်းမာရေး၊ အနုပညာ(ဂီတ)၊ ကျောင်းစာကြည့်တိုက် ပြခန်း၊ ရေအားလျှပ်စစ်၊ မြန်မာစာ၊ ဒြပ်နှောခွဲထုတ်ခြင်း ပြခန်း၊ အိမ်တွင်းလက်မှု လုပ်ငန်း၊ သိပ္ပံလက်တွေ့ခန်း၊ ကျောင်းပြင်ပ ပညာရေးပြခန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြခန်း၊ ဒေသထွက် လုပ်ငန်းပြခန်းနှင့် ပညာတန်ဆောင်ပြခန်းများ ပါဝင်ပြီး စုစုပေါင်း ၃၈ ခန်းပါဝင် ပြသမည်ဖြစ်ကြောင်း သိရသည်။