မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုအားပေး

 

မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုအားပေး

 

နေပြည်တော် ဇန်နဝါရီ ၁၁

    ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန   တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းသည် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲများကြောင့်    ရောဂါကူးစက်မှု ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးများကို ထပ်ဆောင်း ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင်   ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည်    ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊   ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့ လိုက်ပါ၍   မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ မြစ်ကြီးနားမြို့ရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်ကို သွားရောက် ကြည့်ရှုအားပေးသည်။

ဦးစွာ  ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ပြည်ထောင်စုဝန်ကြီးသည်  တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ နိုင်ငံ့ဝန်ထမ်း ၁၅၂ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၃၀ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို   ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေများသည့် ကျန်းမာရေး ဝန်ထမ်းများ၊ အသက် ၆၅ နှစ်    အထက်ရှိသူများ၊ အသက် ၁၈ နှစ်နှင့်အထက် နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊    ကိုယ်ဝန်ဆောင် မိခင်များကို    ဦးတည်အုပ်စုများ အဖြစ် သတ်မှတ်၍ ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံရန်အတွက် အသေးစိတ် မှာကြားခဲ့ကြောင်း သိရသည်။