ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ နယ်မြေခံတပ်ရင်း အမှတ်(၁၂၃) ခြေလျင်တပ်ရင်းကို KIA အကြမ်းဖက်သောင်းကျန်းသူများက သိမ်းပိုက်ရရှိကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ နယ်မြေခံတပ်ရင်း အမှတ်(၁၂၃) ခြေလျင်တပ်ရင်းကို KIA အကြမ်းဖက်သောင်းကျန်းသူများက သိမ်းပိုက်ရရှိကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ အမှတ်(၁၂၃)ခြေ လျင်တပ်ရင်းဌာနချုပ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့က KIA အကြမ်းဖက် သောင်းကျန်းသူများက သိမ်းပိုက်ရရှိကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ နယ်မြေခံတပ်ရင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် KIA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူများက ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း သာလွန်အင်အားများဖြင့်လည်း အကြိမ်ကြိမ် လာရောက်တိုက်ခိုက် ခဲ့သော်လည်း တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက် ကာကွယ် ခဲ့ခြင်း၊ လက်နက်ကြီးများ၏ ထိရောက်သော ပစ်ကူပေးပစ်ခတ်မှု နှင့် လေကြောင်းမှ အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်မှုများကြောင့် ရန်သူများ ထိခိုက် သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်မှာလည်း မရေမတွက်နိုင်အောင် ပင်များပြားကြောင်း သိရှိရသည်။

ယခုတွင်လည်း တရားမဝင်ပြည်ဖျက်မီဒီယာများက အဆိုပါ နယ်မြေခံတပ်ရင်း ဌာနချုပ်ကို KIA နှင့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက သိမ်းပိုက် ထားရှိကြောင်း၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထွက်ပြေးနေရကြောင်း သတင်း တု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေပြီး တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် လှုံဆော်ရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်းသိရှိရပါသည်။