ရသေ့တောင်မြို့နယ်ရှိ ရေစိုးချောင်း ဗျူဟာမှူးနှင့် တပ်မတော်သား ၁၀၀ ကျော် ခန့် AA ထံ လက်နက်ချခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှု ကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

ရသေ့တောင်မြို့နယ်ရှိ ရေစိုးချောင်း ဗျူဟာမှူးနှင့် တပ်မတော်သား ၁၀၀ ကျော် ခန့် AA ထံ လက်နက်ချခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှု ကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၆ ရက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်း ဗျူဟာမှူးနှင့် တပ်မတော်သား ၁၀၀ ကျော်ခန့် ဇန်နဝါရီလ ၁၄ ရက်နေ့က လက်နက်ချ ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ The Irrawaddy က သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၄ ရက်နေ့က ရေစိုးချောင်း ဗျူဟာအား AA သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ ရွပ်ရွပ်ချွံချွံပြန်လည်တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိ ရသည်။

ပြည်သူလူထု၏ လူမှုစီးပွားဘဝပျက်ပြားစေရန်နှင့် နယ်မြေဒေသများ မြို့ရွာ များတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် သောင်းကျန်းသူများက အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်နေမှုများအပေါ် တရားမဝင်ပြည်ဖျက် မီဒီယာများက ဖုံးကွယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဂုဏ်သိက္ခကျဆင်းစေရန် ရည်ရွယ်၍ သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားကာ မဟုတ်မမှန် ရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။