လာမည့်ခြောက်နှစ်အတွင်း ပြည်တွင်းဖြစ် လေယာဉ်အစင်း ၆၀၀ ထုတ်လုပ်ရန် ရုရှားစီစဉ်

 

လာမည့်ခြောက်နှစ်အတွင်း ပြည်တွင်းဖြစ် လေယာဉ်အစင်း ၆၀၀ ထုတ်လုပ်ရန် ရုရှားစီစဉ်

 

    ရုရှားနိုင်ငံသည်   လာမည့်ခြောက်နှစ်အတွင်း  ပြည်တွင်းဖြစ် လေယာဉ်အစင်း ၆၀၀ ကိုထုတ်လုပ်နိုင်ရန်   စီစဉ်လျက်ရှိကြောင်း ရုရှားဝန်ကြီးချုပ်က ဇန်နဝါရီလ ၁၅ ရက်တွင်ပြောသည်။

ထို့ပြင် လေယာဉ်ထုတ်လုပ်သူများ အနေဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုနှုန်းထားကို မြှင့်တင်နိုင်ရေးအတွက်  အစိုးရကငွေကြေး ထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုကဲ့သို့ ခေတ်မီလေယာဉ်များကို ပိုင်ဆိုင်နိုင်ခြင်းသည် ကျယ်ပြောလှသော ရုရှားနိုင်ငံအတွင်း ကူးလူးဆက်သွယ် သွားလာမှုအတွက် အရေးကြီးကြောင်း ဝန်ကြီးချုပ်က အစည်းအဝေးတွင်  ဒုတိယဝန်ကြီးချုပ်များကို ပြောခြင်းဖြစ်သည်။

ပြည်တွင်းဖြစ်လေယာဉ်များ အမြောက်အမြား ထုတ်လုပ်နိုင်ရေးအတွက်  ရုရှားအစိုးရက ငွေကြေးထောက်ပံ့မှုအဖြစ် ရူဘယ်ဘီလီယံ ၂၈၀ ကိုချေးငွေအဖြစ် ထုတ်ချေး ပေးသွားမည်ဖြစ်သည်။

အလားတူ   လာမည့်နှစ်များအတွင်း ပြည်တွင်းဖြစ် အိမ်စီးကားများနှင့် ဘတ်စကားများ ထုတ်လုပ်မှုကို တိုးမြှင့်သွားရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။