မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

 

မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

 

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ -၁၆

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ တေဇဆောင်၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

      ဦးစွာ ကျောင်းသား/ကျောင်းသူလေးများ၏ “စုံညီပွဲတော် တို့နွှဲပျော်” တေး သီချင်းဖြင့် ဖွင့်လှစ်၍ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူ တစ်ဦးက စုံညီပွဲတော်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား သည်။

     ဆက်လက်၍ တိုင်းမှူးက ကျောင်းဘက်စုံလုပ်ငန်း တိုးတက်‌စေရေးအတွက် အလှူငွေများအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

   ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ထူးချွန်ဆုရ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ကြပြီး ကျောင်းသား/ ကျောင်းသူများ၏ သီဆိုကပြဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။