အကြမ်းဖက်သောင်းကျန်းသူများက  ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား ဖျက်ဆီးမှုများနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထား ထုတ်ပြန်ချက်များထုတ်ပြန်

 

အကြမ်းဖက်သောင်းကျန်းသူများက  ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား ဖျက်ဆီးမှုများနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထား ထုတ်ပြန်ချက်များထုတ်ပြန်

 

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၆

    အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊  ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ ဘုရားရှိခိုးကျောင်း များကို ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိသည်။

    ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုး ကွယ်ရာ ဘာသာ၊ သာသနာကို  ယုတ်မာရိုင်းစိုင်းစွာ စော်ကားဖျက်ဆီး နေသည့် လုပ်ရပ်များသည် မည်သို့မျှလက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက်  ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာ မေဗလီ၊ ဘူးသီးတောင်မောင်တော ဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘော ထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည် ။