မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် သဘောထားထုတ်ပြန်ချက်

 

 

မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်

သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်

    အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိဗုဒ္ဓဘာသာဝင် များအထွတ်အမြတ်ထားရာဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ ၊ ဘုရားရှိခိုးကျောင်းများကို အကြမ်းဖက်တိုက်ခိုက်မှု ပေါင်းစုံကိုပြုလုပ်၍ တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်ကို တွေ့မြင်ကြားသိ နေရပါသည်။

    ယခုကဲ့သို့ အကြမ်းဖက်သမားများအနေဖြင့် ဘာသာရေးဆိုင်ရာအဆောက်အဦများနင့် ဘုရား၊ စေတီပုထိုးများအား ဖျက်ဆီးမှုများအား မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်က လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

 

မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်