တစ်မျိုးတည်းနဲ့အားလုံးပြည့်စုံစေမယ့် Zmirror

ဒီကနေ့ခေတ်မှာ စားပွဲတင်အသုံးပြုရတဲ့ စမတ်အသုံးအဆောင်ပစ္စည်းတွေ အင်မတန်မှများပြားလာပါပြီ။  တချို့က အသံနဲ့ခိုင်းစေပြီး သတင်းတွေဖတ်ခိုင်းလို့ ရတယ်။ တချို့က ဖုန်းခေါ်ခိုင်းလို့ရတယ်။ တချို့က သီချင်းဖွင့်ခိုင်းလို့ရတယ်။

ဒီလိုအရာတွေအားလုံးကို ပစ္စည်းတစ်ခု တည်းမှာရတာကတော့ ရှားပါးပါတယ်။ ဒါ့အပြင်  အကောင်းစား စပီကာတပ်ဆင် ထားတာကတော့ ဘယ်မှာမှမရှိသလောက်ပါပဲ။

Zmirror ဆိုတဲ့ ပစ္စည်းလေးကတော့ ဒီလိုမျိုးစားပွဲတင်အသုံးအဆောင်ပစ္စည်းတစ်မျိုးချင်းစီကို   ဖယ်ရှားလိုက် ပါပြီ။ ဘာကြောင့်လဲဆိုရင် သူ့တစ်မျိုးတည်းမှာပဲ လုပ်ဆောင်ချက်ပေါင်းစုံပါဝင်နေလို့ပါ။

အရင်ဆုံးသူ့ရဲ့အရည်အချင်းကိုပြောရရင် CES 2020 ပွဲမှာ တီထွင်ဆန်းသစ်မှုအရှိဆုံးဆုကို ရရှိထားပါတယ်။ ဒါ့အပြင် တခြားပစ္စည်းတွေထက် အထင်ရှားဆုံးသာလွန်မှုကတော့ အရည်အသွေးမြင့် ဟာမန်ကာဒန် စပီကာ တွေကို အသုံးပြုပေး ထားတာဖြစ်ပါတယ်။

ဒီလိုအရည်အသွေးမြင့်စပီကာတွေက BMW တို့၊ Range Rover တို့လိုမျိုး ကမ္ဘာကျော် ဇိမ်ခံကားတွေမှာ သာပါဝင်တာပါ။

အချင်း ၉ လက်မရှိတဲ့  အကြမ်းခံကြေးမုံပြင်ပေါ်မှာ ၇ လက်မရှိတဲ့ LCD Touchscreen ကိုထည့်ပေး ထားတဲ့ အတွက် လုပ်ဆောင်ချက်တွေကို အလွယ်တကူ လုပ်ဆောင်နိုင်စေပါလိမ့်မယ်။

တကယ်လို့များ ကိုယ့်လက်ထဲမှာ ပစ္စည်းတွေနဲ့ပြည့်နေတယ်။ ဒါမှမဟုတ် ဖန်သားပြင်ကိုထိတွေ့ပြီး ခိုင်းစေ ရတာမျိုးကို မကြိုက်ဘူးဆိုသူတွေအတွက်ကတော့ အမေဇုန်ကုမ္ပဏီထုတ် အသံလက်ထောက်ဖြစ်တဲ့ အလက်ဆာကို ညွှန်ကြားပြီးခိုင်းစေ နိုင်ပါသေးတယ်။

ဒါကြောင့် ရာသီဥတုအခြေအနေသိချင် လား၊ YouTube ကနေသီချင်းဖွင့်ချင်လား၊ Kindle က စာအုပ် တွေကို ဖတ်ခိုင်းစေချင်လား စတဲ့လိုလားချက်တွေကို Zmirror ကဖြည့်ဆည်းပေးနိုင်မှာပါ။ ဒါတင်မက သေးပါဘူး။ ညအိပ်မီးအတွက်ပဲဖြစ်ဖြစ်၊ Live လွှင့်ဖို့အတွက်ပဲဖြစ်ဖြစ် အသုံးပြုနိုင်တဲ့ အခြေအနေနှစ်မျိုးနဲ့ မီးဝိုင်း လည်း ပါပါသေးတယ်။

အလှအပအတွက် မှန်တစ်ချပ်အဖြစ် အသုံးဝင်သလို ကိုယ့်မျက်နှာအနေအထားကိုကြည့်ပြီး ဘယ်နေရာကို တော့ ဘယ်လို ပြင်သင့်တယ်၊ ဘယ်နေရာကိုတော့ အသား အရေအတွက် ဘယ်လိုပစ္စည်းမျိုးသုံးသင့် တယ်ဆို တာကိုလည်း အကြံပေးဦးမှာပါ။

နွေဦး