မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ရွာကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ် အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ရွာကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ် အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၀ ရက်

          မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာကို ဇန်နဝါရီ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်းကို TNLA သောင်းကျန်းသူများထံမှ သိရကြောင်း ကောလာဟလ သတင်းများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit နှင့် DVB တို့က လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

         အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်များအရ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု မရှိပါကြောင်း၊ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများမှ တပ်မတော် အပေါ်ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများမှ ကြောက်ရွံ့ ထိတ်လန့်စေရန်အတွက် ကောလာဟလသတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။