အနံ့ဆိုးတွေကိုကင်းစင်စေမယ့် အမှိုက်ပုံး

အိမ်တစ်အိမ်မှာ အမှိုက်ပုံးတစ်လုံးကတော့ မရှိမဖြစ်ရှိကြမှာပါ။ အမှိုက်ပုံးထဲမှာ  ထည့်လေ့ရှိတဲ့ ပစ္စည်း တွေကြောင့် အနံ့အသက်ဆိုးတွေထွက်လာတာတော့ သဘာဝပါပဲ။ ကိုယ်ကလည်း အမှိုက်ပစ်ဖို့မအားသေး တဲ့အချိန်၊ ဒါမှမဟုတ် အမှိုက်ပစ်ဖို့မေ့နေချိန်မှာ အမှိုက်ပုံးထဲကပစ္စည်းတွေကြောင့် ဆိုးဝါးလှတဲ့ အနံ့အသက် တွေထွက်လာမှာကို ဘယ်သူမှလိုချင်မှာမဟုတ်ပါဘူး။

ဒီလိုပြဿနာတွေကို ဖြေရှင်းပေးမယ့် အမှိုက်ပုံးတစ်မျိုးရှိပါတယ်။ သူ့ရဲ့နာမည်ကတော့ Petal ပါ။ ညွှန်းထား တာကတော့ အနံ့ဆိုးထွက်ရှိမှုကို သုညအထိလျှော့ချပေးပြီး ပိုးမွှားတွေကိုလည်း ကင်းစင်စေမယ်လို့ ဆိုပါ တယ်။

ဘာကြောင့်လဲဆိုရင် အနံ့ဆိုးတွေမထွက်စေဖို့အတွက် အမှိုက်သရိုက်တွေထဲကနေ ပေါက်ပွားလာတဲ့ ဘက်တီးရီးယား တွေကို အေးခဲလိုက်စေပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးမွှားတွေကလည်း  အပြင်ဘက် ကိုမပျံ့နှံ့နိုင်တော့ပါဘူး။

အနံ့ဆိုးတွေ မထွက်တော့တဲ့အတွက် အမှိုက်ကိုလည်း ပုံမှန်ပစ်ဖို့မလိုတော့ဘဲ အမှိုက်ပုံးပြည့်မှသာ စိတ်ချ လက်ချသွားပစ်လို့ရပါတယ်။ အထူးသဖြင့် ကလေးသုံး  ဒါမှမဟုတ် လူကြီးသုံး သေးခံတွေ၊ အိမ်မွေးတိရစ္ဆာန် တွေရဲ့အညစ်အကြေးတွေ၊ စားကြွင်းစားကျန်တွေ၊ မြေဆွေးတွေ စတာတွေကို စိတ်ချလက်ချ ထည့်နိုင်ပါ တယ်။ ဘယ်လောက်ထည့်ထည့် အနံ့မထွက်ပါဘူးလို့တော့ အာမခံထားပါတယ်။

ဒါကြောင့် ဓာတုပစ္စည်းတွေသုံးပြီး ဒါမှမဟုတ် အနံ့ချွတ်ပစ္စည်းတွေသုံးနေမယ့်အစား ဒီလိုမျိုး ဘက်တီးရီး ယားတွေကို အေးခဲစေပြီး အနံ့မထွက်စေတဲ့အမှိုက်ပုံးက ပိုပြီးစိတ်ချရမှုရှိသလို  ပိုပြီးလည်း အစွမ်းထက် ပါလိမ့်မယ်။ အမှိုက်ပုံးဖြစ်တဲ့အတွက် ကလေးငယ်တွေ အလွယ်တကူမဖွင့်နိုင်အောင် သော့ခတ်ထားလို့ရတဲ့ စနစ်လည်းပါဝင်တာကြောင့် ကလေးငယ်တွေရဲ့ လက်ချောင်းသေးသေးလေးတွေကို ညပ်စေမှာမဟုတ်ပါဘူး။

နွေဦး